Mandalay FM Morning Show For (23.7.2015) [Thursday]

Mandalay FM ရဲ့ မနက်ခင်းတိုက်ရိုက်ထုတ်လွှင့်မှူ အစီအစဉ်ကနေ ကြိုဆိုပါတယ်။မနက်ဖြန် 23.7.2015 (ကြာသာပတေးနေ့) နံနက်မှာဆိုရင်နောက်ဆုံးရ ပြည်တွင်းနဲ့ နိုင်ငံတကာကသတင်းတွေနဲ့အတူ မနက် ၆ နာရီခွဲမှာ နားဆင်တဲ့သောတရှင်တွေအတွက်အိပ်ရေးပျက်တဲ့
အတွက်ကြောင့်ရရှိလာမည့် ဆိုးကျိုးတွေ အကြောင်း ကျန်းမာရေးနည်းလမ်းတွေအပြင်
 
 ၇ နာရီခွဲနောက်ပိုင်းမှာတော့ အချိန်နဲ့တပြေးညီယာဉ်လမ်းကြောသတင်းတွေနဲ အားလုံးစောင့်ကြည့်နေရတဲ့ လက်ရှိအိမ်ခြံမြေ ဈေးကွက်အခြေအနေ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် လက်ရှိတိုက်ခန်း အရောင်းအ၀ယ်အခြေအနေ တွေကို imyanmarhouse.com မှ
MD ကိုနေမင်းသူ နဲ့အတူ နားဆင်သူ ပရိတ်သတ်တွေ အတွက်    နဲ့တွေ့ဆုံပြီးတော့ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
 
မနက် 10 နာရီကနေ 11 နာရီအတွင်းတင်ဆက်ပေးမဲ့  Urban Girls ကဏ္ဍမှာ အန်တီတူးတူးမြင့် သိန်းနဲ့ တူတူဆွေးနွေးသွားမဲ့ အကြောင်းအရာက လူ့ သဘာဝအရ အကောင်းအဆိုးအမြဲ ဒွန်တွဲနေတတ်တော့ ကိုယ့် မှာရှိတဲ့ မကောင်းတဲ့ အမူအကျင့် လေးတွေအကြောင်းကို
ရင်ဖွင့် ဆွေးနွေး ပါဝင်ရမှာပါ။ ဘယ်လိုပြန်ပြုပြင်သင့် လဲ ဆိုတာကိုလဲ အန်တီတူးနဲ့  တိုက်ရိုက်ဖုန်းပြောဆွေးနွေးနိုင်မှာဖြစ်လို့ ပရိသတ်တွေကပါဝင်ပေးကြပါဦးနော်။