Mandalay FM Evening Show For 22.07.2015 [Wednesday]

ဒီနေ့ ဗုဒ္ဓဟူးနေ့ရဲ့ မင်္ဂလာညနေခင်းပါ တိုက်ရိုက်ထုတ်လွှင့်မှုမှာတော့စစ်ကိုင်းမြို့ မြို့တည် နန်းတည် အနှစ်(၇၀၀) ပြည့်ပွဲတော်အတွက်ပွဲတော်ကျင်းပရေးဥက္ကဌ ဦးထွန်းလှအောင် ရဲ့ ပွဲစီစဉ်ထားမှု အကြောင်း၊စစ်ကိုင်းမြို့ခံတစ်ချို့ရဲ့ရင်ထဲကစကားတွေနဲ့အတူ၊
အဆိုတော် ကောင်းပြည့်ကိုယ်တိုင်ဆိုပြမယ့် " တေးရေး ဘဇော် " ရဲ့ စစ်ကိုင်းမြို့အတွက် ဂုဏ်ပြုဖန်တီးထားတဲ့ သီချင်းတစ်ပုဒ်ကို ရေဒီယိုပရိတ်သတ်များညနေ(၄)နာရီ(၁၀)မိနစ်လောက်ကစလို့ နားဆင်ရမှာပါ။
 
ညနေ(၅)နာရီ(၁၅)မိနစ်ဝန်းကျင်လောက်ရောက်ပြီဆိုရင်တော့ရေဒီယိုပရိတ်သတ်များအတွက် ပျော်စရာအချိန်တွေကိုဖန်တီးပေမယ့် 5-Stars လူရွှင်တော်အဖွဲ့မှ မျောက်ရှူံးနဲ့ ကြာစိတို့ကိုဖိတ်ခေါ်ထားတယ်။
 
ညနေ(၆)နာရီကျော်ကနေ(၇)နာရီမထိုးခင်ထိကအချစ်ခံစားချက်တွေကိုရင်ဖွင့်ချင်တဲ့သူတွေအတွက် အချစ်ရေဒီယိုအချိန်လေးကိုဖန်တီးထားပါတယ်။
 
ညနေ(၄)နာရီကနေ(၇)နာရီအထိ မင်္ဂလာညနေခင်းပါ ကို နားဆင်ဖို့ရေဒီယိုလေးဖွင့်ထားကြပါဦးနော် ...