


အပတ်စဉ် စနေ နဲ့  တနင်္ဂနွေ တိုင်းမှာ ဆိုရင်တော့ နံနက် 9:00 am မှ ညနေ 6:00 pmအထိပရိတ်သတ်အကြိုက် တင်ဆက်သူတွေ ဖြစ်တဲ့ မင်းယု၊ ထက်ထက် နဲ့ ကုဋေ တို့ ရဲ့  မတူညီတဲ့ တင်ဆက်မှု Style တစ်မျိုးစီက နားဆင်သူ ပရိသတ်တွေရဲ့ အာရုံမှာ တွယ်ငြိနေဆဲပါ. . .
(9:00 am to 12:00 pm) အတွင်း အချိန်မှာတော့ တင်ဆက်သူ"ကုဋေ" မှ မွေးနေ့ ရက်မြတ်မင်္ဂလာအထိမ်းအမှတ်ရက်မြတ် တွေအတွက်ဆုတောင်းစကားသံချိုလေးတွေနဲ့အတူ တင်ဆက်ပေးနေပါတယ်။ တေးသံရှင် တစ်ယောက်တည်းရဲ့ Special Selection တေးသီချင်းများကို တစ်စုတစ်စည်းတည်း နားဆင်နိုင်ရုံသာမကပရိတ်သတ်တွေတောင်းတဲ့ သီချင်း 7 ပုဒ်ကိုလည်း ရွှေးချယ်တင်ဆက်ပေးနေတာ ပရိတ်သတ်အကြိုက်ပေါ့။ ချစ်စရာသားသားမီးမီးတို့ရဲ့ ချစ်စရာ ကဗျာရွတ်ဆိုသံလေးတွေကလည်း ကြည်နှုးစရာပါ။ တီတီမီးအိမ်စီစဉ်ပေးတဲ့ စိတ်ဝင်စားဖွယ်ပုံပြင်လက်ဆောင် စတဲ့ ကဏ္ဏလေးတွေကို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ချစ်တဲ့ Mandalay FM ရေဒီယိုပရိတ်သတ်တွေအတွက် တင်ဆက်ပေးနေပါတယ်။
(12:00 pm to 3:00 pm) အတွင်း အချိန်မှာတော့ တင်ဆက်သူ " ထက်ထက်" မှ ရွှေမန္တလေးမှစိတ်ဝင်စားစရာသတင်းတွေကို မန်းသူ သက်သက် နဲ့ ပြောပြတင်ဆက်နေသလို Beauty Talk Show အစီအစဉ်မှတဆင့် နာမည်ကျော်အလှဖန်တီးရှင်တွေ Beauty bloggers တွေ ဖက်ရှင် Designers တွေနဲ့ တွေ့ ဆုံပြီး အလှအပနဲ့ဖက်ရှင် ကဏ္ဏတွေကို တင်ဆက်ပေးနေတာ အလှပရေးရာကိုစိတ်ဝင်စားတဲ့ပျိုပျိုမေတွေအတွက်ကွက်တိပဲလေ။ ဒါတင်မက နားဆင်သူပရိတ်သတ်တွေ ပျော်ရွှင်စွာကံစမ်းပါဝင်နိုင်စေဖို့တီတီမီးအိမ်စီစဉ်တဲ့ Quiz Show မှလည်း ဖုန်းငွေဖြည့်ကတ်တွေဆတိုးရယူနိုင်ပါသေးတယ်။ အားကစားဝါသနာရှင်တို့ အတွက် အားကစားအစီအစဉ်ကလည်း အဆင့်သင့်ပါပဲလေ။
(3:00 pm to 6:00 pm) အတွင်း အချိန်မှာတော့ တင်ဆက်သူ မင်းယု ရဲ့ ပေါ့ပေါ့ပါးပါး ဆေးထိုးအစီအစဉ်မှာ ပျော်ရွှင်စွာပါဝင်နိုင်ပြီး၊ အစအနောက်လေးများနဲ့အတူ သီချင်းလည်းတောင်းဆိုရတဲ့ အစီအစဉ်ကလည်း ပရိတ်သတ်ကို ပြုံးပျော်စေမှာပါ။ နာမည်ကျော်ပရိတ်သတ်ချစ်တဲ့အနုပညာရှင်တွေနဲ့ တေးသံရှင်တွေကိုဖိတ်ခေါ်ပြီး ပရိတ်သတ်များသိလိုရာမေးမြန်းတင်ဆက်ပေးနေတဲ့ FM Interview ကလည်းစိတ်ဝင်စားစရာပါ။ တက်သစ်စအဆိုတော်လေးတွေရဲ့ Talent ကိုလည်း ကြားသိနိုင်ပါတယ်။ ဒါတင်မကမန်းသူ သော်သော် နဲ့ ရန်ကုန်သား မင်းယု တို့ပြောပြတဲ့ အနုပညာသတင်းသစ်တွေကိုလည်းနားဆင်နိုင်ပါတယ်။ ဂီတပုံစံတစ်မျိုးစီနဲ့ FM Music Show၊ နာမည်ကြီးသီချင်းတွေသာတင်တဲ့ Music Time၊ Mandalay FM Top Ten Songs အချိန်နဲ့ ကိုကျော်နဲ့အတူတင်ဆက်တဲ့ Weekly Traffic Review အစီအစဉ်စတဲ့ ဝေဝေဆာဆာ တင်ဆက်မှုတွေ နားဆင်ချင်ရင်တော့ဖြင့်စနေ နဲ့ တနင်္ဂနွေ တိုင်းမှာ ချစ်ခင်ရတဲ့ Mandalay FM ပရိတ်သတ်တွေနဲ့အတူတူအမြဲတမ်းရှိနေပေးမယ့် Mandalay FM Weekend Show*** ကိုသာနားဆင်လိုက်ပါနော်။