ဘန်ကောက်ဗုံးကွဲမှုအတွက် ဒုတိယမြောက်ဖမ်းဆီးမိသူ၏ လက်ဗွေနှင့် ဗုံးပြုလုပ်သည့်ပစ္စည်းများပေါ်မှ လက်ဗွေကိုက်ညီ

ဘန်ကောက်ဗုံးကွဲမှုနှင့်ပတ်သက်ပြီး အင်္ဂါနေ့ က ကမ္ဘောဒီးယားနယ်စပ်တွင် ဖမ်းဆီးရမိခဲ့သည့်နိုင်ငံခြားသား၏ လက်ဗွေမှာ ဘန်ကောက်မြို့ တိုက်ခန်းတစ်ခုအတွင်းမှ ရှာဖွေတွေ့ ရှိခဲ့သော ဗုံးပြုလုပ်သည့်ပစ္စည်းများပေါ်မှ လက်ဗွေများနှင့် ကိုက်ညီမှုရှိသည်ဟု
ထိုင်းရဲတပ်ဖွဲ့ က ထုတ်ပြန်လိုက်ကြောင်း BBC သတင်းဌာနတွင် ဖော်ပြသည်။
 
 ကမ္ဘောဒီးယားနယ်စပ်တွင် ဖမ်းဆီးရမိခဲ့သော နိုင်ငံခြားသားသည် လူပေါင်း ၂၀ ခန့် အသက်ဆုံးရှုံးခဲ့ရသည့် ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်ကွဲမှုတွင် အဓိကနေရာမှ ပါဝင်ခဲ့သူဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့ က ယုံကြည်ထားသည်။
 
ယင်းနိုင်ငံခြားသားသည် ဗုံးကို နတ်ကွန်းသို့ ၎င်းကိုယ်တိုင်ယူဆောင်သွားခဲ့ခြင်းပင်ဖြစ်နိုင်သည်ဟု ထိုင်းရဲတပ်ဖွဲ့ ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပရာရွတ်သာဗွန်ဆီရီက ပြောကြားသည်။
 
 
Credit: The VOICE Daily