တောင်ကိုရီးယားကိုဝန်ချတောင်းပန်မည့်ကိစ္စ မြောက်ကိုရီးယားငြင်းဆို

ပြီးခဲ့သည့်လအတွင်း ဖြစ်ပေါ်ခဲ့သည့် မြေမြှုပ်မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ တောင်ကိုရီးယားနိုင်ငံက ၀န်ချတောင်းပန်ရန်  တောင်းဆိုထားမှုကို မြောက်ကိုရီးယားနိုင်ငံက ငြင်းဆိုလိုက်ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။
 
မြောက်ကိုရီးယားက အဆိုပါမြေမြှုပ်မိုင်ား ပေါက်ကွဲမှုအတွက် နောင်တရမိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့မှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်းနှစ်နိုင်ငံအကြား စစ်မီးတောက်လောင်တော့မည့် အနေအထားကို ကျော်လွှားနိုင်မည့် သဘောတူညီမှုရရှိခဲ့သည်။
 
သို့ သော် ဗုဒ္ဓဟူးနေ့ တွင် မြောက်ကိုရီးယားအစိုးရက ကြေငြာချက်ထုတ်ပြန်ရာတွင် တောင်ကိုရီးယားသည် နားလည်မှုလွဲမှားနေခြင်းဖြစ်သည်ဟု ဖော်ပြပါရှိသည်။
 
 
Credit: The VOICE Daily