ဘန်ကောက်ဗုံးပေါက်ကွဲမှု အဓိကတရားခံဖြစ်နိုင်သူကို ဖမ်းမိပြီဟု ထိုင်းရဲပြော

ပြီးခဲ့သောလကဖြစ်ပွားခဲ့သည့် ဘန်ကောက်မြို့ ဗုံးခွဲတိုက်ခိုက်မှု၏ အဓိကလက်သည်တရားခံဖြစ်နိုင်သူကို ဖမ်းမိထားပြီဟု ထိုင်းရဲတပ်ဖွဲ့ က ပြောကြားလိုက်ကြောင်း Bangkok Post သတင်းဌာနတွင် ဖော်ပြထားသည်။
 
လူ ၂၀ ခန့် သေဆုံးခဲ့ရသည့်ဧရာဝဏ်နတ်ကွန်ဗုံးပေါက်ကွဲမှုတွင် လုံခြုံရေးကင်မရာမှတ်တမ်းများအရ အဓိကတရားခံဟု ယူဆရသူဖြစ်နိုင်ချေရှိသည့် နိုင်ငံခြားသားတစ်ဦးကို တနင်္လာနေ့ က ကမ္ဘောဒီးယားနိုင်ငံထဲတွင် ကမ္ဘောဒီးယားရဲတပ်ဖွဲ့ က ဖမ်းမိခဲ့ပြီး အင်္ဂါနေ့ တွင် ထိုင်းရဲတပ်ဖွဲ့ ထံ လွှဲပြောင်းပေးခဲ့သည်။
 
ထိုင်းရဲတပ်ဖွဲ့ ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ကမ္ဘောဒီးယားနယ်စပ်မှနေ၍ဘန်ကောက်သို့ ယနေ့ ခေါ်ဆောင်လာသည့် နိုင်ငံခြားသားသည် ဗုံးခွဲမှုအဓိကတရားခံဖြစ်သည်ဟု အတိအလင်းထုတ်ဖော် ကြေငြာရန်ငြင်းဆန်ခဲ့သော်လည်း ယင်းနိုင်ငံခြားသားသည် ဗုံးခွဲမှုတွင် အဓိကနေရာမှ
ပါဝင်ပတ်သက်ခဲ့သူ တစ်ဥိးဖြစ်သည်ဟု ပြောကြားခဲ့သည်။
 
 
Credit: The VOICE Daily