ဟားခါးမြို့ရှိ အိမ်ရှစ်ရာကျော် လုံဖွန်တောင်သို့ပြောင်းရွှေ့ပေးမည်

မြေပြိုမှုဒဏ်ခံရသော ဟားခါးမြို့ရှိနေအိမ် ၈၀၀ ကျော်ကိုဒေသခံများ တောင်းဆိုသည့်လုံဖွန်တောင်သို့ယခုနှစ်မကုန်မီအပြီး ပြောင်းရွှေ့ပေးမည်ဖြစ်ကြောင်းသတင်းရရှိသည်။
 
 
မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့်ပျက်စီးသွားသော အိမ်ခြေ ၃၇၅ လုံးနှင့်နေရန်မသင့်လျော်တော့သည့် လူနေအိမ် ၄၇၈ လုံးကို ဒေသခံများဆန္ဒအရ လုံဖွန်တောင်သို့ ပြောင်းရွှေ့ပေးရန် သမ္မတကညွှန်ကြားထားကြောင်း ချင်းပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးဗန်ထောင်းက ပြောကြားသည်။
 
 
ထိုသို့ပြောင်းရွှေ့ရာတွင် မိသားစုဝင်များသည့် အိမ်ထောင်စုများအတွက် ကျပ် ၄၄သိန်းတန်အိမ်နှင့် မိသားစုဝင်နည်းသည့် အိမ်ထောင်စုများအတွက် ကျပ် ၃၇ သိန်းတန်နေအိမ်များကို ပုံစံတူဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
 
Credit:7 Day Daily