Home
Who We Are
News
Program
Schedule
podcast
Contact Us
87.9 MHz -
Mandalay FM - Your Radio , Your Friend
Your browser does not support the audio element.
ရန်ကုန်တွင် ဧည့်စာရင်းရှောင်တခင် စစ်မည်
ရန်ကုန်မြို့တော်တွင် ဆူပူအုံကြွမှု ၊ အကြမ်းဖက်ဖောက်ခွဲမှုများ မဖြစ်ပွားစေရန်နှင့် စံချိန်တင်စိတ်ကြွဆေးပြားများပိုင်ရှင်မဲ့ သိမ်းဆည်းရမိမှုမှ လွတ်မြောက်နေသူများ ဖမ်းဆီးရမိရေး အတွက်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အနှံ့ ကို
ရှောင်တခင်ဧည့်စာရင်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
မူးယစ်ဆေးဝါးနှင့် ဖောက်ခွဲရေးပစ္စည်းတွေ သိုလှောင်ထားရှိနိုင်မယ့်နေရာတွေကို အဓိကထားရှောင်တခင်စစ်ဆေးနေတယ်။ ဘုရင့်နောင်ပွဲရုံဝင်းကို ရှောင်တခင် ပိတ်ဆို့စစ်ဆေးပြီးပြီ။ အခြားသံသယရှိတဲ့နေရာတွေပါ ထပ်မံစစ်ဆေးဖို့ စီစဉ်နေတယ်။
ရပ်ကွက်တွေအလိုက်ဧည့်စာရင်း စစ်ဆေးမှုကို မြို့နယ်မနှံ့မှာ ညတိုင်းဆောင်ရွက်နေပါတယ် ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
Credit: The VOICE Daily