ပြည်သူ့လွှတ်တော်အင်တာနက် Server ဖောက်ထွင်းမှု အီလက်ထရောနစ် အက်ဥပဒေဖြင့်အမှုဖွင့်

ပြည်သူ့လွှတ်တော် အီးမေလ်နှင့် အင်တာနက် server ဖောက်ထွင်းခံရမှု နှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးရန်နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၅) ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ပြည်သူ့လွှတ်တော် ညွှန်ကြားရေးမှူးဦးကိုကိုနိုင် ကပြောသည်။
 
 ပြည်သူ့လွှတ်တော် Internet server ဖောက်ထွင်းခံရမှုနှင့် ပတ်သက်ပြီးဖောက်ထုတ်အရေးယူပေးရန်သက်ဆိုင်ရာ ရဲစခန်းကို သြဂုတ်လ ၂၇ရက်နေ့က ပုဒ်မ ၁၇/ ၂၀၁၅ ဖြင့် အမှုဖွင့်တိုင်ကြားထားခြင်းဖြစ်သည်ဟု ဦးကိုကိုနိုင်က ဆက်လက်ပြောကြားသည်။ 
 
New Generation Wave ဟုအမည်ပေးထားသည့် အင်တာနက် hacker အဖွဲ့တစ်ဖွဲ့သည် ပြည်သူလွှတ်တော်၏ အင်တာနက် server ထဲသို့ ဖောက်ထွင်းဝင်ပြီး လွှတ်တော်ကိုယ်စားလှယ် ၅၀၀ ကျော်၏ Email အချက်အလက်များကို ရယူခဲ့ကြောင်း ပြည်သူ့လွှတ်တော်က သြဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ဖော် ပြောကြားထားသည်။
 
Credit: The VOICE Daily