ဖမ်းမိထားသော ဘန်ကောက်ဗုံးကွဲမှု သံသယရှိသူမှာ လူမှောင်ခိုဂိုဏ်းဝင် ဖြစ်ခဲ့ဖူးဟု ထိုင်းရဲပြော

လူ ၂၀ ခန့် အသက်ဆုံးရှုံးခဲ့ရသော ဘန်ကောက်ဗုံးပေါက်ကွဲမှုတွင် ပါဝင်ပတ်သက်သူတစ်ဦးအဖြစ် သံသယရှိမှုဖြင့် ဖမ်းဆီးထားသူသည် လူမှောင်ခိုဂိုဏ်းသားတစ်ဦးဖြစ်ခဲ့ဖူးသူဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ က ကြေငြာခဲ့ပြီး ၎င်းသည်စစ်ဆေးမေးမြန်းမှုများကို ဖြေဆိုခြင်း
မရှိသေးကြောင်း ထိုင်းစစ်တပ်အကြီးအကဲက ပြောကြားသည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။
 
စနေနေ့  နံနက်အစောပိုင်းက ဘန်ကောက်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုရှိတိုက်ခန်းတစ်ခုအတွင်းမှ ထိုင်းရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့သူမှာ အသက် ၂၈နှစ်အရွယ် နိုင်ငံခြားသားတစ်ဦးဖြစ်ပြီး မည်သည့်နိုင်ငံမှ ဖြစ်သည်ဆိုသည်နှင့် မည်သူမည်ဝါဖြစ်သည် ဆိုသည်ကိုမူ
လက်ရှိအချိန်ထိ သိရှိရခြင်း မရှိသေးချေ။
 
၎င်း၏တိုက်ခန်းအတွင်းမှနေ၍ ဗုံးပြုလုပ်ရန် အသုံးပြုနိုင်သော ပစ္စည်းများနှင့် နိုင်ငံကူးလက်မှတ်အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ရဲတပ်ဖွဲ့ က ပြောကြားထားသည်။
 
 
Credit: The VOICE Daily