ဗာဂျင်းနီးယားအဓိကရုဏ်း လက်ယာစွန်းတွေကို အိမ်ဖြူတော်ရှုံ့ချ

အမေရိကန်ပြည်ထောင်စုက ဗာဂျင်းနီားးမှာ ပြီးခဲ့တဲ့သတင်းပတ်ကုန်ပိုင်းက ဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေမှာ လက်ယာ အစွန်းရောက် အဖွဲ့တွေရဲ့ ပါဝင်ပတ်သက်မှုတွေနဲ့ ပတ်သက်လို့ဒုတိယ သမ္မတ မိုက်ခ် ပဲန့်စ်က ရှုံ့ချလိုက်ပါတယ်။အဲဒီ အဓိကရုဏ်းတွေအတွင်းမှာ လူအုပ်ထဲကို ကားတစင်းက အရှိန်နဲ့ဝင်မောင်းပြီး တိုက်ခဲ့လို့ အမျိုးသမီး ၁ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရခဲ့ကြသည်။
 
သမ္မတ တရမ့်ကတော့ဒါနဲ့ပတ်သက်လို့ ဘယ်အဖွဲ့တွေပါဝင်လည်း ဆိုတာ ထည့်မပြောဘဲနေခဲ့လို့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ BBC သတင်းအရ သိရပါသည်။