ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးစံချိန်တင် မြင့်တက်လာ

ဒီရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးဆက်တိုက်မြင့်တက်နေသလို ပြည်တွင်းရွှေဈေးလည်း မြင့်တက်နေတာ ဖြစ်တယ်လို့သိရပါတယ်။ သြဂုတ်လ (၅) ရက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ်(၉)သိန်း(၅)ထောင့်(၃)ရာကနေ သြဂုတ်လ(၁၄)ရက်မှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ်(၉)သိန်း(၁)သောင်း(၄)ထောင်အထိ မြင့်တက်သွားတယ်လို့ သိရပါတယ်။
 
ပြည်တွင်းရွှေဈေးဟာ ဇူလိုင်လကုန်ပိုင်းက စတင်ပြီး အခေါက်ရွှေ(၁)ကျပ်သားကို ငွေကျပ်(၉)သိန်းနီးပါးအထိ မြင့်တက်လာတာဖြစ်ပါတယ်။ သြဂုတ်လဆန်းပိုင်းမှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ်(၉)သိန်း ကျော်အထိ မြင့်တက်သွားခဲ့ပြီး ပြည်တွင်းရွှေဈေး ဟာ မတည်ငြိမ်မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ 
 
ကမ္ဘာ့ရွှေဈေးဟာ ယခင်က တစ်အောင်စကို (၁၂၅၀)ဒေါ်လာကျော်ရှိနေတာဖြစ်ပြီး ယခုရက်ပိုင်းအတွင်းမှာတော့ တစ်အောင်စကို (၁၂၈၇)ဒေါ်လာရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလက ရွှေဈေးဟာ (၉)သိန်းနီးပါးအထိမြင့်တက်ခဲ့ပြီး အဲ့တာဟာ (၂၀၁၆)ခုနှစ် အတွက် စံချိန်တင်ရွှေဈေးနှုန်းဖြစ်ပြီး ယခုသြဂုတ်လအတွင်းမြင့်တက်တဲ့ရွှေဈေးဟာ(၂၀၁၇) ခုနှစ်အတွင်းစံချိန်တင်မြင့်တက်မှုဖြစ်တယ်လို့ သိရပါတယ်။
 
သြဂုတ်လ(၁၄)ရက် ရန်ကုန်ရွှေဈေးကွက်မှာတော့ လက်ဝတ်ရတနာရွှေဖြစ်တဲ့(၁၅)ပဲရည် တစ်ကျပ်သားကို ငွေကျပ်(၈)သိန်း(၆)ထောင်ကျော်ပေါက်ဈေးရှိပြီး (၁၆)ပဲရည်အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် (၉)သိန်း(၁)သောင်းကျော်ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။