အာဆီယံနှစ်၅၀ပြည့် အထိမ်းအမှတ် အခမ်းအနား နေပြည်တော်မှာကျင်းပ

အာဆီယံတည်ထောင်ခြင်းနှစ်၅၀ပြည့်အထိမ်းအမှတ် အခမ်းအနားကို သြဂုတ်လ (၁၄)ရက်က နေပြည်တော်မှာရှိတဲ့ MICC-2 မှာပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်အမှာ စကားပြောကြားခဲ့တယ်လို့သိရပါတယ်။အာဆီယံတည်ထောင်ခြင်းနှစ်၅၀ပြည့်အထိမ်းအမှတ်ပွဲကို အာဆီယံသီချင်းနဲ့ စတင်ခဲ့ပြီး အာဆီယံနှစ်၅၀ပြည့် အထိမ်းအမှတ် ပန်းချီပြိုင်ပွဲတွေ၊ စာစီစာကုံးပြိုင်ပွဲတွေမှာဆု ရရှိခဲ့သူတွေကို လဲ ဆုချီးမြှင့်ခဲ့ပါတယ်။
 
ဒါ့အပြင် ယဉ်ကျေးမူဝန်ကြီးဌာန ကကြီးမှုးကျင်းပတဲ့ အာဆီယံနှစ်၅၀ပြည့် အထိမ်းအမှတ်အက ပြိုင်ပွဲမှာဆုရရှိခဲ့တဲ့ သူတွေကလဲ ဖျော်ဖြေခဲ့ကျပါတယ်။ အာဆီယံတည်ထောင်ခြင်းနှစ်၅၀ပြည့်အထိမ်းအမှတ် အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးတွေ၊ နိုင်ငံတကာသံတမန်တွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေအပါအ၀င် ဖိတ်ကြားထားသူတွေတက်ရောက်ခဲ့ကျပါတယ်။