H1N1ကြောင့် ကြက်ဥကြက်သားထုတ်လုပ်သူများ ကျပ်သိန်းပေါင်း နှစ်သိန်းခန့်အရှုံးပေါ်

ရာသီတုတ်ကွေးရောဂါ (H1N1)ကြောင့် ကြက်ဥကြက်သား စားသုံးမှု လျှော့ကျခဲ့ရာ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ကျပ်သိန်းပေါင်း နှစ်သိန်းခန့်အရှုံးပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။

ရာသီတုတ်ကွေးရောဂါ (H1N1)စတင်ဖြစ်ပွားသည့် ဇူလိုင်လကစ၍  ကြက်ဥ ကြက်သားဈေးနှုန်းများ ကျဆင်းခဲ့ရာ လက်ရှိတွင် ကြက်သားတစ်ပိသာလျှင် ကျပ် ၄၀ ခန့်သာပေါက်ဈေးရှိတော့ကြောင်း ကြက်သာတစ်ပိသာလျှင် ၁၆၀၀ ကျပ်နှင့် ကြက်ဥတစ်လုံးလျှင် ကျပ် ၄၀ခန့်သာ ပေါက်ဈေးရှိတော့ကြောင်း စရိတ်ကျပ် ၂၈၀၀ နှင့်ကြက်ဥတစ်လုံးထုတ်လုပ်မှု ကျပ် ၈၀ခန့်ရှိသောကြောင့် အရှုံးနဲ့ရင်ဆိုင်ရကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်တွဲဖက်အတွင်းရေးမှူးဒေါက်တာနေသူရိန်ကပြောကြားသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ တစ်လလျှင် ကြက်သားတစ်ပိသာချိန်သိန်းတစ်ရာရှိပြီး ကြက်ဥအနေနဲ့ တစ်ရက်လျှင် အလုံးရေ သိန်း ၇၀ နှင့် ၈၀ ကြားထွက်ရှိကြောင်းမြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ရှိ စာရင်းများအရ သိရသည်။ #Credit the voice