မြောက်ကိုရီးယား ခြိမ်းခြောက်တာ မတွေ့လို့ စီအိုင်အေဆို

မြောက်ကိုရီးယားအနေနဲ့ အမေရိကန်ကို အဏုမြူနဲ့တိုက်ခိုင်ဖို့ လတ်တလောမှာဘာမှခြိမ်းခြောက်တာမတွေ့ရကြောင်းစီအိုင်အေ ညွန်ကြားရေးမှူး မိုက် ပွမ်ပီယို ကပြောပါတယ်။အမေရိကန်ကာကွယ်ရေး ဌာန ထုတ်ပြန်တာတွေနဲ့ မြောက်ကိုရီးယားမှာ ဘာတွေလုပ်နေတယ် လုပ်မနေဘူးဆိုတဲ့ သတင်းတွေမှာ ကြည့်ပါ။ ဒါပေမယ့် အမေရိကန် မြေပေါ်ကို အဏုမြူ ဒုံးကျည် ကျလာဖို့ အခြေအနေကတော့ ပိုဆိုးလာနေပါတယ်။

ဒါကို ဒီဘက်က စောင့်ကြည့်နေပါတယ်လို့ စီအိုင်အေ ညွန်ကြားရေးမှူးကပြောပါတယ်။မြောက်ကိုရီးယားမှာ ဘာတွေဖြစ်နေတယ်ဆိုတာ သူတို့ထောက်လှမ်းရေးဘက်က ရထားတယ်လို့လည်းဆိုပါတယ်။တခြားနိုင်ငံတွေက ရပ်ခိုင်းပေမယ့် မြောက်ကိုရီးယားက ဒုံးကျည် အစီအစဉ်တွေ ဆက်လုပ်နေမယ်လို့ ယူဆတယ်လို့လည်းဆိုပါတယ်။