H1N1 ကူးစက်သူ ၇၆ ဦးရှိ၊ ၁၂ ဦးသေဆုံး

ရာသီတုပ်ကွေးရောဂါ (H1N1)ကူးစက်ပျံ့နှံ့မှုမှာ ၁၀ ရက်ကျော်ကြာမြင့်လာပြီဖြစ်ပြီး ကူးစက်သူ ၇၆ ဦးနှင့် အသက်သေဆုံးသူ ၁၂ ဦးအထိ

ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 

 

ဇူလိုင်လကုန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါဖြစ်ပွားသူ ၇၆ ဦးရှိနေပြီး ၁၂ ဦးသေဆုံးကာ လတ်တလောပြင်းထန်အသက်ရှုလမ်းကြောင်းပိုးဝင် ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်းလူနာ ၂၄၅ ဦးရှိကြောင်း ယင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

 

 

 

မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ပဲခူးတိုင်းနှင့် ချင်းပြည်နယ်တို့သည် H1N1 ဖြစ်ပွားမှုများပြားသည့် နေရာများဖြစ်ပြီး အထူးသဖြင့် ရန်ကုန်သည် အထူးဂရုစိုက်ရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစားဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက H1N1 ဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲတွင် ပြောကြားသည်။

 

Credit-The VOICE Daily