ရွှေဘိုပေါ်ဆန်းဈေး ဆက်တက်၊ဆန်ကြမ်းဈေးမြင့်၍ ပို့ကုန်အတွက် အ၀ယ်ရပ်

ရွှေဘိုပေါ်ဆန်းဈေးနှုန်းများသည်  ယခုရက်ပိုင်းအတွင်း ဆက်လက်မြင့်တက်လာပြီး ပြည်ပပို့ ဆန်ကြမ်းဈေးနှုန်းမြင့်မားခြင်းကြောင့် ပို့ကုန်

သမားများက အ၀ယ်ရပ်ထားကြောင်း ဘုရင့်နောင်နှင့် ၀ါးတန်းဆန်ဈေးကွက်များအတွင်းမှသိရသည်။

 

 

ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ယခင်ထက် ကျပ် ၂၀၀၀ မှ ၂၅၀၀ ခန့်သို့ဈေးတက်ပြီး ပို့ကုန်သမားများ အ၀ယ်ရပ်ထား၍ ဧည့်မထမိုးဆန်(၂၅ မှတ်) တစ်အိတ်လျှင် ယခင်ထက် ကျပ် ၃၀၀ ခန့်ဈေးပြန်လည်ကျဆင်းကြောင်း ယင်းဈေးကွက်များအတွင်းမှ သိရသည်။

 

 

ရွှေဘိုက ပြည်တွင်းဝယ်လိုအားများနေလို့ပါ၊အကြမ်းကတော့ တရုတ်ဘက်မှာလည်း ကျလာလို့ ဒီဘက်မှာ ကျလာတာပါ။ အတက်ချည်းပဲ ဖြစ်နေတော့ ပြန်ကျလာတာရယ် အိတ်စ်ပို့သမားတွေကလည်း အခုတစ်လော အကြမ်းဈေးက မကိုက်လို့ အ၀ယ်ရပ်ထားတာရယ်ကြောင့်ပါ ဟု ဆန်ကုန်သည်ဦးအောင်မြင့်က ပြောဆိုသည်။

 

 

ရွှေဘိုပေါ်ဆန်းဈေး ဆက်တိုက်တက်သော်လည်း ဖျာပုံ၊ဘိုကလေးနှင့် မော်ကျွန်းဒေသများမှ ထွက်ရှိသည့်  ပေါ်ဆန်းဈေးနှုန်းများ ငြိမ်သက်လျက်ရှိကြောင်း ၀ါးတန်းဈေးကွက်အတွင်းမှ သိရသည်။

 

Credit - The VOICE Daily