H1N1 ကူးစက်သူများနှင့် ထိတွေ့သည့်ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ဆေးထိုးမည်

လတ်တလောဖြစ်ပွားနေသည့် H1N1 ကူးစက်မှုနှင့်ထိတွေ့မှုရှိသည့် ကျန်းမာရေးဝန်များကို ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောကြားသည်။
 

ထို့ပြင် ဂျပန်၊ အမေရိကနှင့် အိန္ဒိယစသည့်နိုင်ငံများကလည်း ယင်းတုတ်ကွေးရောဂါကာကွယ်ဆေးများအပြင်နှာခေါင်းစည်းများ၊ ကာကွယ်ရေးဝတ်စုံများ၊ လက်သန့်ဆေးရည်များ၊ ဆေးနှင့် ဆေးပစ္စည်းများကို ကူညီထောင်ပံ့လှူဒါန်းပေးထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။
 
 

"ပိုးတွေ့ပြီး လူနာကိုင်တွယ်ရတဲ့ဆေးရုံက သူတွေအတွက် ဒီပစ္စည်းတွေဦးစားပေးဖြန့်ဝေသွားမယ်။ တစ်နိုင်ငံလုံးကိုဖြန့်ဖို့မလိုအပ်ပါဘူး" ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ပြောကြားသည်။
 
 
 
Credit-The VOICE Daily