ရာသီတုပ်ကွေးကြောင့် တောင်ပြုံးပွဲတော် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

နှစ်စဉ်ကျင်းပသော တောင်ပြုံးပွဲတော်ကို ရာသီတုပ်ကွေး ရောဂါပျံ့နှံ့ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ပထမဆုံးအကြိမ် ရက်အကန့်အသတ်မရှိ
ရွှေ့ဆိုင်းလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။
 
 

ခုလိုထုတ်ပြန်ပြီးနောက် ဇူလိုင် ၃၀ရက် ည၈နာရီက စတင်၍ ပွဲတော်အတွင်းသွားလာခွင့် တားမြစ်ခဲ့သည်။ တောင်ပြုံးပွဲတော်ဝင်ပေါက် အရှေ့နှင့်အနောက်ဘက်တို့ကို ရဲတပ်ဖွဲ့၊ ယဉ်ထိန်းရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လာရောက်သူများဝင်ရောက်ခြင်းမရှိရန် တားဆီးပိတ်ဆို့ထားကြောင်း ကြာနီကန်ရဲကင်းမှ စခန်းမှူး ဒုရဲအုပ်ကပြောသည်။
 
 

ထို့ပြင် မန္တလေး မတ္တရာလမ်းပေါ်ရှိ အလှူခံမဏ္ဍပ်များကိုလဲဖယ်ရှားခိုင်းထားသည်။ ဇူလိုင် ၃၀ရက်နေ့မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် အရေးပေါ်အစည်းအဝေးပြုလုပ်ကာတစ်နိုင်ငံလုံးရှိ ပြည်သူလူထူ၏ ကျန်းမာရေးလုံးခြုံမှုရှိစေရေး တောင်ပြုံးပွဲတော်ကျင်းပခြင်းကို ဇူလိုင် ၃၁ ရက်ကစ၍ H1N1 ရောဂါ ထိန်းချုပ်နိုင်သည့် ကာလအထိ အရေးပေါ်ရက်ရွေ့ဆိုင်းကြောင်း တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
 
Credit-The VOICE Daily