တောင်တရုတ်ပင်လယ်အတွင်း တည်ငြိမ်မှုကို လိုလားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

တောင်ရုတ်ပင်လယ်အတွင်းက အငြင်းပွားရေပိုင်နက်အရေး တင်းမာမှုတွေဖြစ်ပွားနေချိန်မှာပဲ တရုတ်နိုင်ငံဟာ တောင်တရုတ် ပင်လယ်အတွင်း တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းလိုတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီက ပြောလိုက်ပါတယ်။ မစ္စတာ ၀မ်ရီဟာ ထိုင်းနိုင်ငံကို ရောက်ရှိနေချိန် တနင်္လာနေ့တုန်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာအခုလိုပြော လိုက်တာ လည်း ဖြစ်ပါတယ်။
 
တရုတ်နိုင်ငံဟာ မကြာခင်မှာရရှိမယ့် တောင်တရုတ်ပင်လယ် အငြင်းပွား နိုင်ငံများ လိုက်နာဖွယ်ကျင့်ဝတ် ကြေညာချက်ပါ ပြဌာန်းချက်တွေကို လိုက်နာမှာ ဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီကပြောပါတယ်။ တရုတ် နိုင်ငံဟာ တောင်တရုတ် ပင်လယ်ထဲက နယ်မြေအများစုကို ပိုင်ဆိုင်တယ်လို့ပြောထားသလို အိမ်နီးချင်းနိုင်ငံ တွေဖြစ်တဲ့ ဘရူနိုင်း၊ မလေးရှား၊ ဖီလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်နိုင်ငံတို့ကလည်း ပိုင်ဆိုင်ကြောင်း ပြောဆိုနေကြပါတယ်။
 
ထိုင်းနိုင်ငံဟာ ဒီအငြင်းပွားမှုမှာ မပါဝင်ပေမဲ့ တောင်တရုတ် ပင်လယ် ပိုင်ဆိုင်မှု အငြင်းပွားအရေးမှာ ကြားနေနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ လာမယ့်လမှာ မနီလာမြို့မှာ ပြုလုပ်မယ့် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ဒေသတွင်း ဆွေးနွေးပွဲမတိုင်ခင် တရုတ်နိုင်ငံ ခြားရေးဝန်ကြီး ၀မ်ရီရဲ့ ထိုင်းနိုင်ငံကို ခရီးစဉ် ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ တရုတ်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အငြင်းပွား ရေပိုင်နက်တွေအတွက် လိုက်နာဖွယ်ရာ ကျင့်ဝတ်မူဘောင်ကို မေလမှာ သဘောတူညီခဲ့ကြပြီး ဖြစ်ပါတယ်။