စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာ ဆွေးနွေးပွဲကျင်းပပြုလုပ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနနဲ့ တိုင်းရင်းဆေးဆရာ အသင်းတို့က ကျင်းပပြုလုပ်တဲ့ စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာဆွေးနွေးပွဲကို ဇူလိုင်လ ၂၅ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ တိုင်းရင်းဆေးရုံကြီး (ရန်ကုန်)မှာ ဆွေးနွေးခဲ့ပါတယ်။
အဆိုပါဆွေးနွေးပွဲတွေကို လစဉ်ကျင်းပနေတာဖြစ်ပြီး ဆွေးနွေးပွဲထုံနာကျင်နာနဲ့ တိုင်းရင်းဆေးပညာ အကြောင်း ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဆွေးနွေးပွဲတွေက ရရှိလာတဲ့ ရလဒ်တွေကို စုပေါင်းပြီး သုတေသနပြုလုပ်ဖို့နဲ့ အများပြည်သူတွေအနေနဲ့ ရောဂါဝေဒနာတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး အခုလို ဆွေးနွေးပွဲတွေပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။
 
ဆွေးနွေးပွဲမှာ ထုံနာကျဉ်နာရောဂါလက္ခဏာတွေ၊ရောဂါကုထုံးတွေ၊ ထုံနာကျဉ်နာအတွက် ဆောင်ရန်ရှောင်ရန် အစားအစာတွေနဲ့ ထုံနာကျဉ်နာနဲ့ ပတ်သက်ပြီး တိုင်းရင်းဆေးပညာ အကြောင်းများကို အဓိကဆွေးနွေးဟောပြောခဲ့တယ်လို့သိရပါတယ်။စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာဟောပြောပွဲကို အခြားပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ လည်း လစဉ်ကျင်းပလျက်ရှိပြီး ဆွေးနွေးပွဲတွေက ရရှိလာတဲ့ တိုင်းရင်းဆေးပညာကုထုံးတွေ၊ ဆွေးနွေးချက်တွေကို နေပြည်တော် တိုင်းရင်းဆေးပညာဦးစီးဌာနကို တင်သွင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။