ယခုလက်ရှိ ရန်ကုန်မြို့တွင်းမှာ ရာသီတုပ်ကွေးရောဂါ H1N1 ကို ပြည်သူ လူထုတွေ ကြိုတင်ကာကွယ်မှုပြုလုပ်နေ

လက်ရှိဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေးရောဂါ H1N1 နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တွင်းရှိ ဆေးရုံကြီးတွေမှာ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေရုံသာမက လမ်းသွားလမ်းလာပြည်သူလူတွေကလည်း ဒီရာသီတုပ်ကွေး H1N1 ရောဂါနဲ့ပတ်သက်ပြီး ရန်ကုန်မြို့တွင်းလူနေထူထပ်တဲ့ နေရာတွေမှာ  နှာခေါင်းစည်း Mask များကိုတက်ပြီး ကြိုတင်ကာကွယ်မှုတွေပြုလုပ်လာကြတာကိုတွေ့ရပါတယ်။
 
ယခု လက်ရှိ ရန်ကုန်မြို့တွင်းမှာဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေး H1N1 ရောဂါဟာ အသက်ရှု လမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီး ရောဂါပိုးရှိတဲ့သူက နှာချေ၊ ချောင်းဆိုးရာမှ လေထဲသို့ပျံနှံ့ကာ တခြားသူကို လျင်မြန်စွာ ကူးစက်တတ်တဲ့ရောဂါဖြစ်ပါတယ်။ ရာသီတုပ်ကွေးရောဂါ (H1N1)ကို ပြည်သူတွေအနေနဲ့ မိမိကိုယ်ကိုကူးဆက်ခံရကြောင်း သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဆေးခန်းနဲ့ဆေးရုံတွေမှာ သွားရောက် စစ်ဆေးနိုင်ပြီး နှစ်ရက်အတွင်းရောဂါဖြစ်ပွားနေသည်ကို သိရှိပါကထိရောက်တဲ့ ကုသဆေး Temiflue (တန်မီဖလူး)သောက်ဆေးနဲ့ ကုသနိုင်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်ကပြောကြားထားပါတယ်။