Home
Who We Are
Social Wall
News
Program
Schedule
podcast
Contact Us
87.9 MHz -
Mandalay FM - Your Radio , Your Friend
Your browser does not support the audio element.
ဆန်၊ဆန်ကွဲ ဈေးတက်
ပြည်တွင်းအဓိကစားသုံးသည့် ဆန်ချောအမျိုးအစား ရွှေဘိုပေါ်ဆန်းအပြင် ဆန်ကွဲဈေးနှုန်းများပါ မြင့်တက်ကြောင်း ဘုရင့်နောင်နှင့် ၀ါးတန်းဆန်ကုန်စည်ဈေးကွက်အတွင်းမှ သိရသည်။အဆိုပါဆန်ဈေးနှုန်းများ မြင့်တက်ရာတွင် ရေဘိုပေါ်ဆန် တစ်အိတ်လျှင် ယခင်ထက်ကျပ်၂၀၀၀ ကျော်နှင့် ဆန်ကွဲတစ်အိတ်လျှင် ကျပ်၅၀၀မှ၃၀၀၀အထိ မြင့်တက်ပြီး ဆန်ကြမ်းဈေးနှုန်း များမှာမှုတစ်အိတ်လျှင် ကျပ်၂၀၀ မှ ၃၀၀ခန့် ပြန်လည်ကျဆင်းသွားကြောင်း ယင်းဆန်ဈေးကွက်များအတွင်းမှသိရသည်။
ယင်းသို့ ဆန်၊ဆန်ကွဲဈေးများမြင့်တက်ခြင်းသည်ပင်လယ်ရေကြောင်းမှ ပြည်ပသို့တင်ပို့မှု များပြားလာခြင်း ကြောင့်ဖြစ်ပြီး ပေါ်ဆန်းဈေးနှုန်းမှာမှုပြည်တွင်းဝယ်လိုအားကြောင့်ဖြစ်ကြောင်းဆန်ကုန်သည်များက ပြောကြားသည်။