ရာသီတုပ်ကွေးရောဂါ (H1N1) ကိုနှစ်ရက်အတွင်း သိရှိပါက အချိန်မှီ ထိရောက်စွာ ကုသနိုင်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ပြော

လက်ရှိပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ရာသီတုပ်ကွေးရောဂါ (H1N1) ကို နှစ်ရက်အတွင်းဖြစ်ပွား နေကြောင်းသိရှိပါက အချိန်မှီထိရောက်စွာကုသနိုင်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနဒုတိယညွန်ကြားရေးမှုးချုပ်ကပြောကြားလိုက်ပါတယ်။ 
ရာသီတုပ်ကွေးရောဂါ (H1N1) ကို ပြည်သူတွေအနေနဲ့ မိမိကိုယ်ကိုကူးဆက်ခံရကြောင်း သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဆေးခန်းနဲ့ဆေးရုံတွေမှာ သွားရောက် စစ်ဆေးနိုင်ပြီး နှစ်ရက်အတွင်းရောဂါဖြစ်ပွားနေသည်ကို သိရှိပါကထိရောက်တဲ့ ကုသဆေး Temiflue (တန်မီဖလူး)သောက်ဆေးနဲ့ ကုသနိုင်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှုးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။ 
 
ရာသီတုပ်ကွေးရောဂါ (H1N1) ကို ပြည်တွင်းမှာလက်ရှိ ချင်းပြည်နယ်မတူပီမြို့က အတည်ပြုပြီး ကူးစက်ခံရတဲ့လူနာ(၁၀)ဦးအနက် တစ်ဦးသေဆုံးသွားကာ ရန်ကုန်ပြည်သူဆေးရုံကြီးမှာ လူနာ(၂)ဦးနဲ့ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးမှာ ကုသမူခံယူနေတဲ့ လူနာတစ်ဦးအပါအ၀င် ကူးစက်ခံရသူ(၁၃)ဦးရှိကာ တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ရာသီတုပ်ကွေးရောဂါဟာ ၂၀၀၉ခုနှစ်ထဲက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့ပြီး ပြည်တွင်းမှာလဲ ၂၀၀၉ခုနှစ်တွင်စတင်တွေ့ရှိခဲ့ကာ နှစ်စဉ်နီးပါးဖြစ်ပွားခဲ့ပြီးသေဆုံးသူ မရှိခဲ့ပေမယ့် ယခု၂၀၁၇ခုနှစ်မှာတော့ ပထမဆုံးအကြိမ်တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ဒါ့ကြောင့် ကာကွယ်ရေးအပိုင်းတွေမှာ အဆင်သင့်ပြင်ဆင်ထားပြီး ပြည်သူလူထူကို အသိပညာပေးခြင်း လုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်သွားကာဆေးရုံတွေမှာလဲလိုအပ်တဲ့ ဆေးဝါးတွေနဲ့ ရောဂါကာကွယ်ရေး ပစ္စည်းတွေကို အလုံအလောက်ထားရှိထားတယ်လို့ သိရပါတယ်။ 
 
ရာသီတုပ်ကွေးရောဂါ (H1N1) ဖြစ်ပွားမူတွေနဲ့ ပက်သက်ပြီး ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းတွေ ကြိုတင်ကာကွယ်ခြင်းတွေနဲ့ ထိရောက်စွာ တုံပြန်ဆောင်ရွက်ခြင်းလုပ်ငန်းတွေအတွက် ညှိနှိုင်း အစည်းအဝေးတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်ဦး ဆောင်ကာ ဒီကနေ့ ဇူလိုင်လ ၂၄ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။