မြန်မာနိုင်ငံတောင်ပိုင်းဒေသများ မိုးအာပိုလာမည်

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေသည့်အတွက် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မိုးအားပိုလာနိုင်ပြီး

ဒေသအချို့တွင် မိုးအားပိုလာနိုင်ပြီး ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောကြားသည်။

 

 

 

ရန်ကုန်တိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ပဲခူးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်  နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းထားသည်။

 

 

ထို့ပြင်မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ရာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် လှိုင်းအမြင့် ခုနှစ်ပေမှ ၁၀ ပေခန့်အထိရှိနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ကြေညာချက်ထုတ်ပြန်သည်။

 

 

Credit-The VOICE Daily