Mandalay FM Morning Show for (28.8.2015)[Friday]

သောတရှင်များအားလုံးပဲ မင်္ဂလာမနက်ခင်းပါ။ မနက်၆နာရီကနေ၉နာရီအတွင်း အစီအစဉ်တင်ဆက်သူကျော်ကျော် နဲ့ သက်ပိုင်တို့တင်ဆက်ပေးနေတဲ့ Mandalay FM နံနက်ခင်းတိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုအစီအစဉ်မှာတော့ နောက်ဆုံးရ ပြည်တွင်းနဲ့နိုင်ငံတကာ
သတင်းတွေနဲ့အတူသောတရှင်တွေအတွက် အသက်ရှည်စေမယ့်အရောင်ခြောက်မျိုးဆိုတဲ့ ကျန်းမာရေးနည်းလမ်းကောင်းလေးကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
 
မနက်ခုနစ်နာရီခွဲနောက်ပိုင်းမှာတော့ အချိန်နဲ့တပြေးညီယာဉ်လမ်းကြော အခြေအနေတွေအပြင်၊ FM Teatime ဆိုတဲ့အစီအစဉ်လေးလည်းရှိလို့နေပါတယ်။ အဲဒီနောက်မှာတော့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို
 ဆေးပညာရှင်ဆရာဝန်ရဲ့စကားသံ၊သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခဲ့တဲ့ရင်သွေးငယ်တွေရဲ့မိခင်ရဲ့စကားသံတွေနဲ့အတူ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်နော်။
 
မနက်၁၀နာရီမှ၁၁နာရီအတွင်း Movie Talk ကဏ္ဍလေးမှာတော့ အစီအစဉ်တင်ဆက်သူ ထက်ထက် က အစီအစဉ်တင်ဆက်သူ စိုးလင်းရဲ့နှစ်သက်တဲ့ရုပ်ရှင်ဇာတ်ကားအကြောင်းကို စပ်စုမှာဖြစ်ပါတယ်။ သောတရှင်များအားလုံးပဲ ပျော်ရွှင်စရာသောကြာနေ့လေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုဆုတောင်းလိုက်ပါတယ်နော်။ ‪#‎MandalayFM‬ ‪#‎YourRadio‬ ‪#‎YourFriend‬