မန္တလေး ဇူလိုင်လတတိယပတ်အတွင်း ဧရာဝတီမြစ်စိုးရိမ်ရေမှတ်ရောက်နိုင်

ဧရာဝတီမြစ်ရေ မြင့်တက်လျက်ရှိရာ ဇူလိုင်လတတိယပတ်အတွင်း မန္တလေးမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ကြောင်း မန္တလေးတိုင်း

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်က သတိပေးပြောကြားသည်။

 

 

 

"မြစ်ရေတက်တာက မိုးနဲ့ဆိုင်တယ်။မိုးကြောင့်ပေါ့။ဒီနှစ် မန္တလေးမြို့ရဲ့စိုးရိမ်ရေမှတ်ရောက်တာ ပြီးခဲ့တဲ့နှစ်ထက် စောမယ့်သဘောရှိပါတယ်။ရှေ့တစ်ပတ်အတွင်း မန္တလေးမြို့ရဲ့ စိုးရိမ်ရေအမှတ်ကို ရောက်နိုင်တယ်"ဟု ၎င်းကပြောဆိုသည်။

 

 

ယမန်နှစ်က ဇူလိုင်လက ၂၈ ရက်နေ့ရောက်မှသာ မန္တလေးမြို့၏  စိုးရိမ်ရေမှတ်သို့ရောက်ရှိခဲ့ကြောင်း၊မန္တလေးမြို့၏ စိုးရိမ်ရေမှတ်သည် ၁၂၆၀ စင်တီမီတာ (၄၂ ပေ)ရှိရာ ဇူလိုင်လ ၁၀ ရက်နေ့တွင် ၁၁၃၈ စင်တီမီတာ(၃၇ ပေ ကိုးလက်မကျော်)သို့ရောက်ရှိနေပြီဖြစ်ကြောင်း ဦးသန်းဇော်က ရှင်းပြသည်။

 

Credit- The VOICE Daily