မြောက်ကိုရီးယား ဒုံးကျည်ပြဿနာတွင် လိုအပ်လျှင်စစ်အင်အားသုံးမည်ဟု အမေရိကန်ပြောကြား

အင်္ဂါနေ့က မြောက်ကိုရီယား၏ ဒုံးကျည်စမ်းသပ်မူအပြီးတွင်လိုအပ်ပါကမြောက်ကိုရီးယားအပေါ်စစ်အင်အားသုံးမည်ဟု
အမေရိကန်ပြည်ထောင်စုကပြောကြားလိုက်ပါတယ်။
 
အမေရိကန်သံအမတ်ကြီးမစ္စဟာလေက အမေရိကန်ပြည်ထောင်စုသည် ကိုယ်တိုင်နှင့်မဟာမိတ်များကို ကာကွယ်ရန် စွမ်းရည်များကိုအပြည့်အဝထုတ်သုံးသွားဖို့ပြင်ဆင်ထားကြောင်း၊ လိုအပ်ပါကစစ်အင်အားကိုအသုံးပြုသွားမည်ဖြစ်သော်လည်းထိုးနည်းလမ်းကိုအသုံးမပြုလိုကြောင်းလုံခြုံရေးကောင်စီ အရေးပေါအစည်းအဝေးတွင်ပြောကြားသည်။
 
ယင်းကိစ္စကို သမ္မတထရမ့်နှင့် ဆွေးနွေးခဲ့သောမစ္စဟာလေက ကုလသမဂ္ဂ အရေးယူပိတ်ဆို့မူကို ချိုးဖောက်ကာမြောက်ကိုရီးယားနှင့် ကုန်သွယ်ရေးဆက်လက်ဆက်ဆံနေသောနိုင်ငံများကိုအမေရိကန်က ကုန်သွယ်မူဖြတ်တောက်ဖွယ်ရှိသည်ဟုပြောကြားသည်။
မြောက်ကိုရီးယားနှင့် ကုန်သွယ်ရေးဆက်ဆံမူကြောင့်တရုတ်နိုင်ငံကိုသမ္မတထရမ့်က အစောပိုင်းကတည်းကပင်ဝေဖန်မူတွေရှိခဲ့တယ်လို့သိရပါတယ်။