[email protected]@lay4M

ပြည်တွင်းရှိ ကုမ္ပဏီ ၉၀ ရာခိုင်နူန်းမှာ စံနူန်းသတ်မှတ်ချက် မပြည့်စုံသည့်အတွက်ပြည်ပရှိ နိုင်ငံခြားဘဏ်များထံမှ ချေးငွေရယူနိုင်ရန်
အဆင့်မမီ သေးကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမူဌာနညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်ကပြောကြားသည်။
 
ကုမ္ပဏီအများစု ချေးငွေမရရှိနိုင်သည့်အကြောင်းအရင်းမှာ ကုမ္ပဏီ တည်ထောင်သည့်မတည်ငွေ ကိုအနည်းငယ်သာတင်ထားခြင်းနှင့် စာရင်းစစ်အစီရင်ခံစာ၊ ငွေရေးကြေးရေး ထုတ်ပြန်ချက်များကို စနစ်တကျ ဆောင်ရွက်ထားခြင်းမရှိခြင်းတို့ကြောင့်နိုင်ငံခြားဘဏ်များ၏စံနူန်းကိုက်ညီခြင်းမရှိကြောင်း၎င်းကဆိုသည်။
 
လက်ရှိအချိန်အထိပြည်ပမှ ချေးငွေရယူထားသည့်ကုမ္ပဏီပေါင်း ၁၆၀ ကျော်ရှိပြီး အများစုမှာ နိုင်ငံခြားကုမ္ပဏီများ၊ ပြည်တွင်း ပြည်ပဖက်စပ်ရင်းနှီးမြှုပ်နှံထားသည့်ကုမ္ပဏီများဖြစ်ကာပြည်တွင်းလုပ်ငန်းရှင်ပိုင် ကုမ္ပဏီများ၏ ချေးငွေရယူမူအနည်းငယ်သာရှိကြောင်း၊ မြန်မာနိုင်ငံ၌ဖွင့်လှစ်ထားသည့်နိုင်ငံခြားဘဏ်များထံမှ ပြည်တွင်းကုမ္ပဏီများကိုတိုက်ရိုက်ငွေချေးယူခွင့် မပြုထားသေးကြောင်းမြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှသိရသည်။