ဗုဒ္ဓဘာသာပြန့်ပွားရန် မြန်မာနှင့် ဗုဒ္ဓဘာသာနိုင်ငံများ ပူးပေါင်းဆောင်ရွက်မည်

ဗုဒ္ဓဘာသာပြန့်ပွားရန် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအပါအ၀င်အခြားသော ဗုဒ္ဓဘာသာနိုင်ငံများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဦးစီးဌာနပြည်ထောင်စုဝန်ကြီး
သူရဦးအောင်ကိုကပြောသည်။
 
 
 
ထို့အတူနိုင်ငံတော် သံဃမဟာနာယကအဖွဲ့အနေနှင့် သာသနာရေးရာ၊ ပညာရေးရာ၊ ၀ိနိစ္ဆရေးရာ၊ နိုင်ငံတကာရေးရာ၊ ပြည်ပရေးရာများကို ယခင်အစိုးရလက်ထက်အဆက်ဆက်၌ ဖွဲ့စည်းထားခဲ့သော်လည်း ပြည်ပရေးရာသည်
အသက်ဝင်ခြင်းမရှိသောကြောင့် ဇူလိုင်လအတွင်း၌ လိုအပ်သော ကျွမ်းကျင်ပညာရှင်ဝန်ထမ်းများကို တိုးချဲ့ဖွဲ့စည်းထားကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှသိရသည်။
 
 
"သီတဂူဆရာတော်ဘုရားကြီးက ပြည်ပရေးရာထားရှိဖို့အတွက် မိန့်ကြားခဲ့သည်။ အဲဒီအတွက် ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်" ဟု သူရဦးအောင်ကိုကပြောသည်။
 
 
Credit - The VOICE Daily