မလေးရှားတွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများအရေးအစိုးရကူညီမည်

မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများပြန်လည် လွတ်မြောက်ရေးနှင့် တရားဝင် လုပ်ကိုင်ခွင့်ရရှိရေးအတွက်

ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

 

 

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပတ်သက်၍ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အပါအ၀င်နိုင်ငံခြားရေး ၀န်ကြီးဌာန၊ပြည်ထဲရေး ၀န်ကြီးဌာနတို့က ဇူလိုင်လ ၅ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဖမ်းဆီးခံရသူများမှာ တရားဝင်လုပ်သားဖြစ်စေ၊တရားမ၀င် သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမား ဖြစ်စေ၊မြန်မာအစိုးရ အနေနှင့် ကူညီဆောင်ရွက်သွားမည်ဟု  ပြည်ထောင်စု ၀န်ကြီးကဆိုသည်။

 

 

လက်ရှိတွင် e-Card လာရောက်လျှောက်ထားခြင်းမရှိသည့် မလေးရှားရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနက်မှ တရားမ၀င် မြန်မာအလုပ်သမား၁၀၂ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောသည်။

 

 

Credit-The VOICE Daily