Mandalay FM Evening Show for (24.8.2015) [Monday]

ဒီနေ့ မင်္ဂလာညနေခင်းပါ တိုက်ရိုက်ထုတ်လွှင့်မှုစကားဝိုင်း မှာ ညနေ(၄)နာရီကနေ(၇)နာရီအထိ တင်ဆက်သူ ကိုဇာနည် နဲ့ နေနေ တို့က ရေဒီယိုပရိသတ်များနဲ့အတူရှိနေပါတယ်။
 
ညနေ(၄)နာရီကနေ(၅)နာရီအတွင်းဆိုရင် အဆိုတော် ကောင်မလေး ရွယ်ရွယ် ကို ဖိတ်ခေါ်ထားလို့ သူမနဲ့စကားဝိုင်းအပြင် သူမရဲ့ မကြာမီထွက်ရှိတော့မယ့် "အလွမ်းနဲ့တမ်းချင်း" အခွေထဲက သီချင်း (၂)ပုဒ်ကိုလည်း တိုက်ရိုက်သီဆိုပြဖို့ စီစဉ်ထားပါတယ်။ ညနေ(၅)နာရီကနေ(၆)နာရီအတွင်းမှာ မန္တလေးFM မင်္ဂလာညနေခင်းပါ အဖွဲ့သူ၊ အဖွဲ့သားတွေဖြစ်တဲ့ D-Sky နဲ့ Snow တို့နှစ်ယောက်ရဲ့ အယူအဆသဘောထားအချို့ကိုဖလှယ်သွားမယ့် စကားဝိုင်းရှိပါတယ်။ သူတို့ဘယ်အကြောင်းနဲ့ပတ်သက်ပြီး စကားထိုးစစ်ဆင် ကြမလဲဆိုတာ ရေဒီယိုပရိသတ်များကို စောင့်မျှော်နားဆင်စေချင်ပါတယ်။
 
ညနေ(၆)နာရီကနေ(၇)နာရီအတွင်းက ဖုန်းဆက်သီချင်းတောင်းဆိုလို့ရမယ့် အချိန်ဖြစ်လို့ ဖုန်းနံပါတ် ၀၁-၅၀၁၇၀၉ကို ဆက်သွယ်ပြီး ကိုယ်နှစ်သက်ပြီး ရေဒီယိုကနေတဆင့်ပြန်နားဆင်ချင်တဲ့ သီချင်းတစ်ပုဒ်ကို တောင်းဆိုနိုင်ပါတယ်။ အားလုံးသော ရေဒီယိုပရိသတ်များနဲ့ညနေ(၄)နာရီမှာပြန်ဆုံတွေ့မယ်နော်။