Mandalay FM Morning Show For (21.8.2015)( Friday)

မင်္ဂလာရှိလှ တဲ့ သော ကြာနေ့ လေးပါ ရှင့်......သောတရှင်များအားလုံးကို Mandalay FM နံနက်ခင်းတိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အစီအစဉ် ကနေကြို ဆိုပါတယ်။မနက်ခင်းနေ့သစ် စတင်လိုက်တိုင်းသောတရှင်များဆီ
လေလှိုင်းကနေ အရောက်ပျံ့ လွင့်လာနေကျမန္တလေးFMနံနက်ခင်းတင်ဆက်မှုအစီအစဉ်ဆိုရင်တော့ နောက်ဆုံးရ ပြည်တွင်းနဲ့နိုင်ငံတကာက သတင်းတွေနဲ့ အတူကိုယ်အလေးချိန် ထိန်းနေသူများအတွက် လျို့ ၀ှက်
ဟင်းချက်နည်းကျန်းမာရေးနည်းလမ်းကောင်းတွေကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါ့အပြင်သောကြာနေ့တိုင်းတင်ဆက်ပေးနေကျဖြစ်တဲ့စားမြိန်ဖွယ်ရာဟင်းအတွဲအစပ်တွေအစီအစဉ်မှာ လည်း
ဘယ်လိုဟင်းအတွဲအစပ်လေးတွေချက်ပေးမလဲဆိုတာကလဲစောင့်မျှော်နားဆင်မှရမယ်နော်..7 နာရီခွဲနောက်ပိုင်းမှာတော့ အချိန်နဲ့ တ ပြေးညီ ယာဉ် လမ်းကြော အ ခြေ အနေတွေ အ ပြင်၊ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ
အကြောင်းကို ဥက္ကဋ္ဌ ဒေါ်သန့်းမြင့်အောင် ရဲ့ စကားသံတွေ၊ အဘိုးအဘွားတွေရဲ့ စကားသံတွေနဲ့ အတူ စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ဆက်လက်ပြီးတော့ မနက် ၁၀ နာရီ ကနေ ၁၁ နာရီ အတွင်းတင်ဆက်သူစမ်းသီတာက
တင်ဆက်သွားမယ့် Movie Talk မှာဆိုရင်လည်း ဆရာ လင်းသိုက်ညွှန် (မြန်မာ့ မြေ)ကို ဖိတ်ခေါ်ထားပြီးသူကြိုက်နှစ်သက်တဲ့ရုပ်ရှင်ဇာတ်ကားတွေ အကြောင်း ကိုတင်ဆက်ပေးသွားမှာ ဖြစ်လို့ နားဆင် အားပေးဖို့မမေ့ပါနဲ့နော်။ ကျေးဇူးတင်ပါတယ်ရှင့်..