Mandalay FM Evening Show For 20.08.2015 [Thursday]

မန္တလေး FM ရေဒီယိုပရိတ်သတ်ကြီးရေ...ဒီနေ့ ကြာသာပတေးနေ့ရဲ့ မင်္ဂလာညနေခင်းပါတိုက်ရိုက်ထုတ်လွှင့်မှုရေဒီယိုစကားဝိုင်းအစီအစဉ်ကတော့ညနေ(၄)နာရီကျော်မှာ အဆိုတော် G Fatt ပါ နဲ့တွေ့ဆုံမယ်၊သူ့ရဲ့ဂီတလှုပ်ရှားမှုတွေအကြောင်းမေးပြီး၊
Online မှာပေါက်နေတဲ့ "ပြည်ပသို့ပေးစာ " သီချင်းကို ကိုယ်တိုင်ဂစ်တာတီးပြီးဆိုပြဖို့ ရှိနေပါတယ်။ ညနေ(၅)နာရီ(၁၅)မိနစ်ဝန်းကျင်ဆိုရင်တော့ ရေဘေးဒဏ်ခံစားရတဲ့ခွေးလေးတွေကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ကယ်ဆယ်ပြီး၊ရရှိခဲ့တဲ့အတွေ့
အကြုံတွေမျှဝေပေးဖို့ "လေလွင့်ခွေးချစ်သူများ" အဖွဲ့မှ မရိုစီ ကိုဖိတ်ခေါ်ထားပါတယ်။ ညနေ(၆)နာရီကနေ(၇)နာရီအတွင်းကတော့ Talk of the Town အချိန်ဖြစ်ပါတယ်။ရေဘေးဒေသကို ကိုယ်တိုင်သွားရောက်ကယ်ဆယ်ရေးလုပ်ငန်းတွေ
လုပ်ပေးခဲ့တဲ့သူတွေအနေနဲ့ " ကိုယ်စီစဉ်ထားတာနဲ့တကယ်ကြုံရတာတွေရဲ့ခရီးစဉ်မှအလွဲ" တွေအကြောင်းတွေကို ဖုန်းနံပါတ် ၀၁-၅၀၁၇၀၉ ကိုဆက်သွယ်ပြောဆိုနိုင်ပါတယ်။ညနေ(၄)နာရီမှာ ရေဒီယိုချစ်သူပရိသတ်များအားလုံးနဲ့ပြန်ဆုံတွေ့မယ်နော်။