Mandalay FM Morning Show for (17.8.2015)[Monday]

မင်္ဂလာရှိလှတဲ့ တနင်္လာနံနက်ခင်းလေးပါရှင့်...သောတရှင်များအားလုံးကို Mandalay FM နံနက်ခင်း တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အစီအစဉ်ကနေကြိုဆိုပါတယ်။>>> မနက်၆နာရီကနေ ၉နာရီအတွင်း
ကျော်ကျော် နဲ့ သက်ပိုင်တို့တင်ဆက်ပေးနေတဲ့ မန္တလေးFM နံနက်ခင်းတိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုအစီအစဉ်မှာဆိုရင်တော့ နောက်ဆုံးရ ပြည်တွင်းနဲ့ နိုင်ငံတကာက သတင်းတွေ၊ အားကစားသတင်းတွေနဲ့အတူ
နားဆင်တဲ့သောတရှင်တွေအတွက် တနေ့တာလုံး လန်းဆန်းတက်ကြွနေစေမယ့် နည်းလမ်းကောင်းလေးတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။7 နာရီခွဲနောက်ပိုင်းမှာတော့ အချိန်နဲ့တပြေးညီ
ယာဉ်လမ်းကြောအခြေအနေတွေအပြင်၊ သောတရှင်တွေက လူပုံအလယ် အများရှေ့မှာ စကားပြောတဲ့အခါ ကြုံတွေ့ခဲ့ရဖူးတဲ့ အဖြစ်အပျက်တွေနဲ့ စကားပြောကောင်းသူတစ်ယောက်ဖြစ်အောင် ဘယ်လိုအချက်တွေကို
ဂရုပြုသင့်လဲဆိုတာကို မျှဝေပေးချင်တယ်ဆိုရင်တော့ Mandalay FM ရဲ့ ဖုန်းနံပါတ်ဖြစ်တဲ့ 01 501709 ကို တိုက်ရိုက်ဖုန်းဆက်ပြီးတော့ မျှဝေပေးနိုင်သလို Mandalay FM ရဲ့ Facebook Page မှာလဲ
Comment များလဲရေးသားဖို့အတွက်ဖိတ်ခေါ်ပါတယ်။ဆက်လက်ပြီးတော့ မနက်၁၀နာရီကနေ ၁၁ နာရီအတွင်းမှာဆိုရင်လဲ အလုပ်အကိုင်အခွင့်အလမ်းများနဲ့ အနုပညာသတင်းတွေကိုပါ တင်ဆက်ပေးသွားမှာဖြစ်လို့
နားဆင်အားပေးဖို့မမေ့ပါနဲ့နော်။ ကျေးဇူးတင်ပါတယ်ရှင့်…