Mandalay FM Evening Show For (14.8.2015)[Friday]

ဒီနေ့ မင်္ဂလာညနေခင်းပါ တိုက်ရိုက်ထုတ်လွှင့်မှု ရေဒီယိုစကားဝိုင်းအစီအစဉ်ကို ညနေ(၄)နာရီကနေ(၇)နာရီအထိ တင်ဆက်သူ ကိုဇာနည် နဲ့ နေနေ တို့က ရေဒီယိုပရိသတ်တွေနဲ့အတူတူရှိနေပါတယ်။
 
ညနေ(၄)နာရီကနေ(၅)နာရီအတွင်းမှာ အနော်မာသုခုမ Entertainment ကနေစီစဉ်တဲ့ ရန်ပုံငွေပွဲသတင်းအကြောင်း မေးမြန်းဖို့အတွက် မင်းသားကြီး မိုးမင်း နဲ့ မင်းသမီး တင်ဇာမိုးဝင်းတို့ကို ဖိတ်ခေါ်ထားပါတယ်။ ဆက်လက်ပြီးတော့လည်း နောက်ဆုံးရအားကစားသတင်းတွေကို
လည်းပြောပြဖို့ရှိပါတယ်။ ညနေ(၅)နာရီကနေ(၆)နာရီအတွင်းမှာ အပတ်စဉ်တင်ဆက်ပေးနေကျ Friday Night Panel စကားဝိုင်းရှိပါတယ်။ ဒီတစ်ပတ်ဖိတ်ခေါ်ထားသူထဲမှာ သရုပ်ဆောင် သီရိရှင်းသန့် ပါဝင်ပါတယ်။
 
ညနေ(၆)နာရီကနေ(၇)နာရီမထိုးခင်မှာဆိုရင် မန္တလေး FM ရဲ့ ဖုန်းနံပါတ် ၀၁-၅၀၁၇၀၉ ကို ဖုန်းဆက်ပြီးတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းတစ်ပုဒ်ကို ချက်ချင်းနားထောင်ရဦးမှာပါ။ ဒီနေ့ သြဂုတ်လ(၁၄)ရက်နေ့ က အားလုံးချစ်ရတဲ့ တေးရေး၊ တေးဆို ထူးအိမ်သင်ကွယ်လွန်ခဲ့တာ (၁၁)နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။ ဒါကြောင့် ဂီတအနုပညာရှင် ထူးအိမ်သင် ရဲ့ တေးသီချင်းတွေကိုနားဆင်ချင်တဲ့ ရေဒီယိုပရိသတ်များလည်း ဖုန်းဆက်လို့ သီချင်းတောင်းဆိုနိုင်ပါတယ်လို့ အကြိုသတင်းစကားပြောထားပါရစေ။
 
အားလုံးသောရေဒီယိုပရိသတ်များနဲ့ ညနေ(၄)နာရီမှာပြန်တွေ့မယ်နော်။