Mandalay FM Morning Show For (14.8.2015)[Friday]

မင်္ဂလာရှိလှ တဲ့ သော ကြာနေ့ လေးပါ ရှင့်... သောတရှင်များအားလုံးကို Mandalay FM နံနက်ခင်း တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အစီအစဉ် ကနေကြို ဆိုပါတယ်။
 
မနက်၆နာရီကနေ ၉နာရီအတွင်းကျော်ကျော်နဲ့သက်ပိုင်တို့တင်ဆက်ပေးနေတဲ့ မန္တလေးFM နံနက်ခင်းတင်ဆက်မှုအစီအစဉ်မှာဆိုရင်တော့ နောက်ဆုံးရ ပြည်တွင်းနဲ့ နိုင်ငံတကာက သတင်းတွေနဲ့ အတူ စိတ်ဖိစီးမှုကို အစားအစာနဲ့ ဖြေဖျောက်တဲ့ ကျန်းမာရေးနည်းလမ်းကောင်းတွေကို
စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် သောကြာနေ့တိုင်းတင်ဆက်ပေးနေကျဖြစ်တဲ့စားမြိန်ဖွယ်ရာ ဟင်းအတွဲအစပ်တွေအစီအစဉ်မှာလည်း ကျော်ကျာ်နဲ့သက်ပိုင်က ဘယ်လိုဟင်းအတွဲအစပ်လေးတွေ ချက်ပေးမလဲဆိုတာကလည်း စောင့်မျှော်နားဆင်မှရမယ်နော်..
 
7 နာရီခွဲနောက်ပိုင်းမှာတော့ အချိန်နဲ့ တ ပြေးညီ ယာဉ် လမ်းကြော အ ခြေ အနေတွေ အ ပြင်၊ သတ်သတ်လွတ်ဟင်းတခွက်( ၀ါတွင်းကာလမှာသတ်သတ်လွတ်စားကြတဲ့ သူတွေ အများကြီးရှိပါတယ်။ ဒါကြောင့် အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီ ညွှတ်တဲ့ သတ်သတ်လွတ်
ဟင်းတခွက်ကို နံနက်ခင်းတိုက် ရိုက် ထုတ် လွှင့်မှု အစီ အစဉ်က နေကို ဆန်နီ က ချက် ပြသွားမှာပါ၊ပရိတ်သတ်တွေကလည်း အဲ့ အချိန်မှာကိုယ်ချက်နေကြ သတ်သတ်လွတ် ဟင်းတစ်ခွက်ကို Mandalay FM ရဲ့ Facebook Page မှာ Comment လေးတွေဝင် ရောက် ရေးပြီးမျှဝေ လို့ရ ပါတယ်ရှင့်.........
 
ဆက်လက်ပြီးတော့ မနက် ၁၀ နာရီ ကနေ ၁၁ နာရီ အတွင်းတင်ဆက်သူထက်ထက်က တင်ဆက်သွားမယ့် Movie Talk မှာဆိုရင်လည်း Mandalay FM ရဲ့ တင်ဆက်သူတဦးဖြစ်တဲ့ မြပုလဲဥ နဲ့အတူသူကြိုက်နှစ်သက်တဲ့ရုပ်ရှင်ဇာတ်ကားတွေ အကြောင်း ကိုတင်ဆက်ပေးသွားမှာ ဖြစ်လို့နားဆင် အားပေးဖို့မမေ့ပါနဲ့နော်။ ကျေးဇူးတင်ပါတယ်ရှင့်..