Mandalay FM Evening Show For (12.8.2015) Wednesday

ဒီနေ့ဗုဒ္ဓဟူးနေ့ မင်္ဂလာညနေခင်းပါ တိုက်ရိုက်ထုတ်လွှင့်မှုမှာတော့ ညနေ(၄)နာရီကနေ(၅)နာရီအတွင်း အဆိုတော် ပိုင်သက်ကျော် ကို ဖိတ်ခေါ်ထားတဲ့ ဂီတစကားဝိုင်း။ ညနေ ၅ နာရီ ၁၅ မိနစ် ၀န်းကျင်မှာတော့ ရေဘေးသင့်ပြည်သူတွေခံစားနေရတဲ့
စိတ်ဒဏ်ရာတွေကို ဘယ်လိုပြန်လည်ကုစားကြမလဲဆိုတာသိရှိဖို့ မြန်မာနိုင်ငံ ဆရာဝန်များအသင်း လူငယ်ဖွံ့ဖြိုးမှုအစီအစဉ်ရဲ့ အကြံပေးဖြစ်သူ ဒေါက်တာ နေ၀င်း ကို ဖိတ်ခေါ်ထားပါတယ်။
 
ညနေ ၆ နာရီကျော် ကနေ ၇ နာရီမထိုးခင်အထိ ရေဒီယိုပရိသတ်တွေ ကိုယ်တိုင်ပါဝင်နိုင်တဲ့ အချစ်ရေဒီယို အချိန်မှာတော့ "အချစ် နဲ့ ပြသာနာများ" နဲ့ပတ်သက်ပြီး ရင်ဖွင့်ပြောပြပေးဖို့ဖိတ်ခေါ်ပါတယ်။ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်က ၀၁-၅၀၁၇၀၉ ပါနော်။
လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့ မိုးလေ၀သသတင်းအခြေအနေတွေနဲ့ ရေဘေးသင့်ဒေသတွေအတွက် လိုအပ်တဲ့သတင်းတွေကိုလည်း အချိန်နဲ့တပြေးညီသိရှိရအောင် ကြိုးစားသတင်းပေးသွားမှာဖြစ်လို့ 87.9 MHz Mandalay FM Radio ကို မပြတ်ဖွင့်လို့နားဆင်ကြည့်ပါနော်။