Mandalay FM Evening Show For 07.08.2015 [Friday]

သောကြာနေ့ မင်္ဂလာညနေခင်းပါ တိုက်ရိုက်ထုတ်လွှင့်မှုရေဒီယိုစကားဝိုင်းအစီအစဉ်အတွက်ညနေ(၄)နာရီကနေ(၇)နာရီအထိ တင်ဆက်သူ ကိုဇာနည် နဲ့ နေနေ တို့ရှိနေပါတယ်။လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့
မိုးလေ၀သအခြေအနေသတင်းတွေနဲ့ ရေဘေးသင့်ဒေသတွေရဲ့နောက်ဆက်တွဲအခြေအနေတွေကိုလည်း အချိန်နဲ့တပြေးညီထုတ်ပြန်ကြေငြာပေးသွားမှာမို့ 87.9 MHz Mandalay FM Radio ကိုဖွင့်လို့နားဆင်စေချင်ပါတယ်။
ဒီနေ့မှာလာမယ့် အစီအစဉ်တွေ ကတော့ ၄ နာရီကနေ ၅ နာရီအတွင်းမှာရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့လူငယ်ကဗျာဆရာတွေဖြစ်တဲ့ TZ နဲ့ ဟန်နွေလ တို့ကို ဖိတ်ခေါ်ထားပါတယ်။
ညနေ ၅နာရီကနေ ၆ နာရီအတွင်းမှာဆိုရင်လည်း Friday Night Panel စကားဝိုင်းကနေကိုစည်သူ နဲ့ ခင်သဇင် တို့က ရေဘေးသင့်ဒေသက တိရစ္ဆာန်တွေကိုဘယ်လိုကူညီကယ်ဆယ်ဆောင်ရွက်ဖို့ ကြိုးစားနေသလဲဆိုတာ
ကိုပြောပြဖို့ရှိပါတယ်။ညနေ ၆ နာရီကျော်ကနေ ၇ နာရီမထိုးခင်အထိကကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းတစ်ပုဒ်ကို ဖုန်းနံပါတ် ၀၁-၅၀၁၇၀၉ကိုဆက်သွယ်တောင်းဆိုပြီး ချက်ချင်းနားဆင်ခွင့်ရမယ့် အချိန်ဖြစ်ပါတယ်။
ဒါကြောင့် မန္တလေး FM ရေဒီယိုပရိသတ်တွေအားလုံးပဲ မင်္ဂလာညနေခင်းပါတိုက်ရိုက်တင်ဆက်မှုအစီအစဉ်ကို နားဆင်ရင်းပေးဖို့ သတင်းစကားပါးချင်ပါတယ်။