Mandalay FM Evening Show for (30.7.2015) [Thursday]

ဒီနေ့ မင်္ဂလာညနေခင်းပါ တိုက်ရိုက်ထုတ်လွှင့်မှု ရေဒီယိုစကားဝိုင်း မှာ ညနေ(၄)နာရီ(၁၀)မိနစ်လောက်ကျရင် အဆိုတော်သစ်လေး မေသင်ချိုဆွေ နဲ့ တွေ့ဆုံမယ်၊ သူမရဲ့"ဘယ်နှစ်တန်းရောက်ပြီလဲ" ဆိုတဲ့ အခွေသစ်လည်းထွက်ရှိထားတယ်လို့သိရပါတယ်။
သူမ ရဲ့ အနုပညာသတင်းလေးတွေမေးမြန်းရင်း၊သူမရဲ့သီချင်းသစ်တစ်ပုဒ်လည်းဖွင့်ပြပါဦးမယ်။ နားဆင်ပေးကြပါဦး။
 
ညနေ(၅)နာရီ(၁၅)မိနစ်ကျော်ဆို တေးရေး အောင်နိုင်စန်း၊ တေးရေး မေသော် နဲ့ Vocalist Trainer ခင်မြတ်မွန်တို့နဲ့ ဂီတစကားဝိုင်းရှိပါတယ်။
 
ညနေ(၆)နာရီကျော်ကနေ(၇)နာရီမထိုးခင်အထိကတော့ ဂီတကိုကြိုက်နှစ်သက်တဲ့ရေဒီယိုပရိသတ်တွေ ကာရာအိုကေ ဆိုခွင့်ရမယ့် Talk of the Town အချိန်လေးကိုဖန်တီးထားပါတယ်။ ဘယ်သီချင်းတွေပါဝင်သီဆိုခွင့်ရမလဲဆိုတာ ညနေ(၄)နာရီအစီအစဉ်မှာ
တင်ဆက်သူ ကိုဇာနည် နဲ့ နေနေ တို့က ကြေငြာပြောပြပေးမှာပါ။