Mandalay FM Morning Show for (30.7.2015) [Thursday]

Mandalay FM ရဲ့ မနက်ခင်းတိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကနေ ကြိုဆိုပါတယ်။ 30.7.2015 (ကြာသာပတေးနေ့) နံနက်မှာဆိုရင်နောက်ဆုံးရ ပြည်တွင်းနဲ့နိုင်ငံတကာကသတင်းတွေနဲ့အတူ မနက် ၆ နာရီခွဲမှာ နားဆင်တဲ့သောတရှင်တွေအတွက် ကျန်းမာရေး ကို
ထိခိုက်စေနိုင်တဲ့ ဖက်ရှင် အကြောင်းကျန်းမာရေးနည်းလမ်းတွေအပြင် ၇ နာရီခွဲနောက်ပိုင်းမှာတော့ အချိန်နဲ့တပြေးညီယာဉ်လမ်းကြောသတင်းတွေနဲ့ တကိုယ်ရည် စီမံခန့်ခွဲခြင်း ဆိုတဲ့ အကြောင်းအရာ ကို ( ACU Institute Of Management) မှ ကျောင်းအုပ် ဦးခင်မောင်လွင် နဲ့
တွေ့ ဆုံပြီးတော့ နားဆင်သူ ပရိတ်သတ်တွေ အတွက် နဲ့တွေ့ဆုံပြီးတော့ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
 
မနက် 10 နာရီကနေ 11 နာရီအတွင်း "စိတ်အားငယ်တဲ့အခါ"...ဒီနေ့ရဲ့ Urban Girls ကဏ္ဍမှာဆွေးနွေးမယ့်ခေါင်းစဉ်လေးပါ။ လူမှန်ရင်စိတ်ပျော်ရွှင်တာ ၊ ၀မ်းနည်းတာ ၊ အားငယ်တာတွေနဲ့မကင်းနိုင်ပါဘူး။ဒါကြောင့် Urban Girls နားဆင်သူပရိသတ်တွေကလည်း
ကိုယ်ကဘာအတွက်ကြောင့်ဘယ်လိုစိတ်အားငယ်နေရလဲဆိုတာ ဖုန်း ၀၁-၅၀၁၇၀၉ ကိုခုပဲဖုန်းဆက်ပြီးအန်တီတူးကိုပြောပြလို့ရပါပြီ။ အားလုံးဝိုင်းဝန်းဆွေးနွေးပြီးအားပေးလိုက်ကြရအောင်နော်။