Mandalay FM Evening Show For (27.7.2015) [Monday]

ဒီကနေ့ တနင်္လာနေ့ မင်္ဂလာညနေခင်းပါ ရေဒီယိုစကားဝိုင်း မှာ ကိုဇာနည်နဲ့နေနေ နဲ့က ညနေ(၄)နာရီကနေ(၇)နာရီအထိအတူရှိနေပါတယ်။
Bone Plus က အဖွဲ့သားနှစ်ယောက် နဲ့တွေ့ဆုံမယ်၊ သူတို့နှစ်ယောက်ဆိုပြမယ့် သီချင်းတွေလည်း နားထောင်ရမှာဆိုတော့ ပျော်စရာကြီးပါ။ ဒီအစီအစဉ်ကို ညနေ(၄)နာရီ(၁၀)မိနစ်ဝန်းကျင်မှာ စောင့်မျှော်နားဆင်နိုင်ပါတယ်။
နောက်ထပ် စိတ်ဝင်စားဖို့ကောင်းဦးမယ့် ရေဒီိယိုစကားဝိုင်းအတွက် ဖိတ်ခေါ်ထားသူတွေက မင်္ဂလာညနေခင်းပါ အဖွဲ့သူနှစ်ယောက်ဖြစ်တဲ့ " မြတ်နိုး နဲ့ စနိုး " ပါ။ သူမတို့နှစ်ယောက် ကတော့ ကိုဇာနည် နဲ့ နေနေ တို့မေးမယ့် မေးခွန်းတွေကိုဖြေဖို့ စဉ်းစားခန်းဝင်နေကြပါပြီ။
ဒါကတော့ ညနေ(၅)နာရီ(၁၅)မိနစ်အချိန်လောက်မှာစတင်မှာပါ။
သြော်သီချင်းတောင်းဆိုချင်တဲ့သူတွေအတွက် ကိုယ်ကြိုက်နေတဲ့သီချင်းလေးတစ်ပုဒ်ရှိနေရင် ဖုန်းနံပါတ် ၀၁-၅၀၁၇၀၉ ကို ညနေ(၆)နာရီကျော်ကနေ(၇)နာရီမထိုးခင်အတွင်း ဆက်သွယ်တောင်းဆိုပေးပါနော်။
ညနေ(၄)နာရီမှာ အားလုံးသော ရေဒီယိုချစ်သူတွေနဲ့ပြန်ဆုံမယ်နော်။