WonderFest 2019 ပွဲတော်ကို ရန်ကုန်တိရစ္ဆာန် ဥယျာဉ်တွင် ကျင်းပပြုလုပ်သွားမည်

WonderFest 2019 ပွဲတော်ကို လာမည့် မတ်လအတွင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိမှာတော့ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။WonderFest2019 ပွဲတော်မှာတော့ မျက်လှည့်ပြကွက်များ ၊ မိသားစုနှင့် ကလေးများအတွက် ပျော်ပွဲရွှင်ပွဲများ ၊ တိရစ္ဆာန်လေးတွေရဲ့ ပြကွက်များပါဝင်မှာဖြစ်ပါတယ်။ ဒါ့ပြင် ကံစမ်းမဲ အစီအစဉ်များ အစားအသောက်များနှင့် အခြားသောလူသုံးကုန်ပစ္စည်းများကို ရောင်းချသွားမယ့် အထူးဈေးရောင်းပွဲတော်များ ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ကလေးငယ်တွေ အနေနဲ့ နွေရာသီကျောင်းပိတ်ရက်နဲ့ တိုက်ဆိုင်သလို ရန်ကုန်တိရစ္ဆာန်ဥယျာန်ကို စိတ်ဝင်စားမှုပိုမိုတိုးလာစေဖို့ ရည်ရွယ်ပြီး WonderFest2019 ပွဲတော်ကို ကျင်းပပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ဒါ့ပြင် ပွဲတော်ကျင်းပမယ့် ရက်အတွင်းမှာလည်း နိုင်ငံကျော် အဆိုတော်တွေရဲ့ ဖျော်ဖြေမှုတွေလည်း ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။
WonderFest2019 ပွဲတော်ကို Zero Group Management နဲ့ Emily Management တို့မှ ပူးပေါင်းကျင်းပတာဖြစ်ပြီး အဆိုပါပွဲတော်ကိုလာမယ့် မတ်လ(၂)ရက်နဲ့ (၃)ရက်တွေမှာ ရန်ကုန်တိရစ္ဆာန် ဥယျာန်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားတာဖြစ်တယ်လို့ ရန်ကုန်တိရစ္ဆာန် ဥယျာန် (စီမံမန်နေဂျာ) ကိုကျော်မျိုးသူက ပြောပါတယ်