Mandalay FM Morning Show for (31.7.2015) [Friday]

သောတရှင်များအားလုံးကို Mandalay FM နံနက်ခင်း တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အစီအစဉ် ကနေကြို ဆိုပါတယ်။မနက်၆နာရီကနေ၉နာရီအတွင်းကျော်ကျော်နဲ့သက်ပိုင်တို့တင်ဆက်ပေးနေတဲ့ မန္တလေးFMနံနက်ခင်းတင်ဆက်မှုအစီအစဉ်မှဆိုရင်တော့
နောက်ဆုံးရ ပြည်တွင်းနဲ့ နိုင်ငံတကာက သတင်းတွေနဲ့ အတူ နားဆင်တဲ့ သောတရှင်တွေအတွက် ပိုမိုနုပျို စေမဲ့ဘ၀နေထိုင်နည်းကျန်းမာရေးနည်းလမ်းတွေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
 
ဒါ့အပြင်သောကြာနေ့တိုင်းတင်ဆက်ပေးနေကျဖြစ်တဲ့စားမြိန်ဖွယ်ရာ ဟင်းအတွဲအစပ်တွေအစီအစဉ်မှာ ဒီနေ့အတွက်ကျော်ကျော်နဲ့သက်ပိုင်က ဘယ်လိုဟင်းအတွဲအစပ်လေးတွေချက်ပေးမလဲဆိုတာကလဲစောင့်မျှော်နားဆင်မှရမယ်နော်..
7 နာရီခွဲနောက်ပိုင်းမှာတော့ အချိန်နဲ့ တ ပြေးညီ ယာဉ် လမ်းကြော အ ခြေ အနေတွေ အ ပြင်၊ သောတရှင်တွေအနေနဲ့ဒီနေ့မှာကျရောက်တဲ့ဒုတိယ၀ါဆိုလပြည့် နေ့ကို ဘယ်လိုဖြတ်သန်းဖို့ရည်ရွယ်ထားလဲဆိုတာကိုမန္တလေးFM ၏ ဖုန်းနံပါတ်(၀၁-၅၀၁၇၀၉)ကို
ဆက်သွယ်ဝေမျှနိုင်သလို Comments များလဲရေးသားဖို့အတွက်ဖိတ်ခေါ်ပါတယ်။
 
ဆက်လက်ပြီးတော့ မနက် ၁၀ နာရီ ကနေ ၁၁ နာရီ အတွင်းတင်ဆက်သူထက်ထက်တင်ဆက်သွားမယ့် Movie Talk မှာဆိုရင်လည်း Mandalay FM ရဲ့ မင်္ဂလာ ညနေခင်းအဖွဲ့သားတဦးဖြစ်တဲ့ D-Sky နဲ့အတူ သူကြိုက်နှစ်သက်တဲ့ရုပ်ရှင်ဇာတ်ကားတွေ အကြောင်း ကို
တင်ဆက်ပေးသွားမှာ ဖြစ် လို့ နားဆင် အားပေးဖို့မမေ့ပါနဲ့နော်။ကျေးဇူးတင်ပါတယ်ရှင့်..