Mandalay FM Morning Show For (24.8.2015) Monday

မင်္ဂလာရှိလှတဲ့ တနင်္လာနံနက်ခင်းလေးပါရှင့်...သောတရှင်များအားလုံးကို Mandalay FM နံနက်ခင်းတိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုအစီအစဉ်ကနေကြိုဆိုပါတယ်။
 
>>> ဒီနေ့ရဲ့ မန္တလေးFM နံနက်ခင်းတိုက်ရိုက်ထုတ်လွှင့်မှုမှာတော့တင်ဆက်သူများအဖြစ် မသက်ပိုင်နဲ့ ရွှေစင် တို့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မနက်၆နာရီကနေ၉နာရီအတွင်းမှာဆိုရင်တော့ နောက်ဆုံးရ ပြည်တွင်းနဲ့နိုင်ငံတကာက သတင်းတွေ၊ အားကစားသတင်းတွေနဲ့အတူနားဆင်တဲ့သောတရှင်တွေအတွက် သဘာဝဘေးအန္တရာယ်ကြုံ ကြိုက် ထားတဲ့ ကလေးတွေကို ဘယ်လို နှစ်သိမ့် ပေမလဲဆိုတဲ့ ကျန်းမာရေးနည်းလမ်းကောင်းလေးတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
 
7 နာရီခွဲနောက်ပိုင်းမှာတော့ အချိန်နဲ့တပြေးညီယာဉ်လမ်းကြောအခြေအနေတွေအပြင်၊ သောတရှင်တွေက ကိုယ့်ပတ်ဝန်းကျင် မှာ ရှိတဲ့အောင်မြင်သူတွေ ရဲ့ စရိုက် လက္ခဏာတွေ ကို မျှဝေပေးချင်တယ်ဆိုရင်တော့ Mandalay FM ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့ 01 501709 ကို တိုက်ရိုက်ဖုန်းဆက်ပြီးတော့ မျှဝေပေးနိုင်သလို Mandalay FM ရဲ့ Facebook Page မှာလဲ Comment များလဲရေးသားဖို့အတွက်ဖိတ်ခေါ်ပါတယ်။ ဆက်လက်ပြီးတော့ မနက်၁၀နာရီကနေ ၁၁ နာရီအတွင်းမှာဆိုရင်လဲ အလုပ်အကိုင်အခွင့်အလမ်းများနဲ့ အနုပညာသတင်းတွေကိုပါ တင်ဆက်ပေးသွားမှာဖြစ်လို့ နားဆင်အားပေးဖို့မမေ့ပါနဲ့နော်။ ကျေးဇူးတင်ပါတယ်ရှင့်…