Mandalay FM Morning Show For (20.8.2015) Thursday

မင်္ဂလာရှိလှတဲ့ ကြာသပတေးနေ့လေးပါ။သောတရှင်များအားလုံးကို Mandalay FM နံနက်ခင်းတိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုအစီအစဉ်ကနေကြိုဆိုပါတယ်။မနက်၆နာရီကနေ၉နာရီအတွင်း ကျော်ကျော် နဲ့ သက်ပိုင်တို့တင်ဆက်ပေးနေတဲ့
Mandalay FM နံနက်ခင်းတိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုအစီအစဉ်မှာတော့နောက်ဆုံးရ ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေ၊ အားကစားသတင်းတွေနဲ့အတူ သောတရှင်တွေအတွက်ဦးနှောက်မှတ်ဥာဏ်ကိုထိခိုက်စေတဲ့အစာတွေအကြောင်းကို
ကျန်းမာရေးနည်းလမ်းကောင်းလေးတစ်ခုအနေနဲ့ မျှဝေပေးသွားမှာဖြစ်ပါတယ်။ မနက်ခုနစ်နာရီခွဲနောက်ပိုင်းမှာတော့အချိန်နဲ့တပြေးညီယာဉ်လမ်းကြောအခြေအနေတွေအပြင်၊ သောတရှင်တွေရဲ့နေ့စဉ်လူနေမှုဘဝမှာ ငြီးငွေ့မှုကြုံတဲ့အခါ
ကိုယ့်အနေနဲ့အလွယ်ကူဆုံးဘယ်လိုဖြေဖျောက်နေလဲဆိုတဲ့နည်းလမ်းတွေကို Mandalay FMသောတရှင်တွေက အတူတူဝေမျှပါဝင်နိုင်ပါတယ်။ သောတရှင်တွေကဝေမျှပါဝင်မယ်ဆိုရင်တော့ Mandalay FM ရဲ့ ဖုန်းနံပါတ်ဖြစ်တဲ့ 01 501709ကို
တိုက်ရိုက်ဖုန်းဆက်ပြီးတော့ ပါဝင်နိုင်သလို Mandalay FM ရဲ့Facebook Page မှာလဲ Comment လေးတွေ ပြည့်ပြည့်စုံစုံရေးသားပြီးတော့ပါဝင်နိုင်ပါတယ်။မနက်၁၀နာရီကနေ၁၁နာရီအတွင်းတင်ဆက်ပေးမယ့် Urban Girls
ကဏ္ဍမှာတော့အန်တီတူးတူးမြင့်သိန်းနဲ့အတူ Urban Girls အမျိုးသမီးတွေအတွက်ဆွေးနွေးသွားမယ့်အကြောင်းအရာက “အလှစစ်ဆိုတာ” ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပတ်သက်ပြီး ဆွေးနွေးပေးသွားမှာပါ။အလှအပရေးရာအဖြာဖြာနဲ့
ပတ်သက်ပြီးတော့ ပါဝင်ဆွေးနွေးလိုသူ Urban Girlsအမျိုးသမီးတွေအနေနဲ့ Mandalay FM ရဲ့ ဖုန်းနံပါတ် 01 501709 ကိုဆက်သွယ်ပြီး ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်။Mandalay FM နံနက်ခင်းတိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု
အစီအစဉ်တွေကတော့သောတရှင်တွေနဲ့အနီးဆုံးမှာ ရှိနေမှာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။