Mandalay FM Morning Show For (19.8.2015) (Wednesday)

ဗုဒ္ဓဟူး နေ့ရဲ့ နံနက်ခင်းတိုက်ရိုက်တင်ဆက်မှူ အစီအစဉ်ကနေ ကြိုဆိုပါတယ်။19.8.2015 Mandalay FM နံနက်ခင်းတိုက်ရိုက်တင်ဆက်မှု မှာ ဆိုရင်တော့နောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းများ၊အချိန်နဲ့
တပြေးညီယာဉ်လမ်းကြောအခြေအနေ၊နောက်ဆုံးရအားကစားသတင်းတွေ ကို နားဆင်သူ ပရိတ်သတ်တွေ အတွက် တင်ဆင်ပေးသွားမှာဖြစ်ပါတယ်။ကျန်းမာရေးဗဟုသုတ အနေနဲ့လည်း မှတ်ဉာဏ်ကောင်းစေနိုင်သော
အလေ့အထများ အကြောင်း ကိုလည်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။7:30 နောက်ပိုင်းမှာတင်ဆက်ပေးမယ့် အကြောင်းအရာကတော့ အများပြည်သူတွေတတ်နိုင်တဲ့ ၀င်ငွေ နှင့်ဝယ်ယူနိုင်မယ့် တန်ဖိုးမျှတ
အိမ်ယာစီမံကိန်းအကြောင်းကိုစင်ကာပူအခြေစိုက်တစ်ခုဖြစ်တဲ့ Surbana Company မြန်မာပြည်ရုံးခွဲ မှ စီးပွားရေးတာဝန်ခံကိုသန်းထိုက်ဝင်း ကိုလည်း ဖိတ်ခေါ်ထားပါတယ်10 နာရီကနေ 11 နာရီမှာဆိုရင်တော့
အစားအသောက်ချက်ပြုတ်နည်းတွေမုန့်လုပ်နည်းတွေ နောက်ပြီး မန္တလေးမှ အစီအစဉ်တင်ဆက်သူ သက်သက် နဲ့မန္တလေးမြို့က လက်တလော ဖြစ်ပေါ်နေတဲ့ သတင်းတွေကိုပါ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
မင်္ဂလာရှိသော နေ့ လေးဖြစ်ပါစေ။