Mandalay FM Moning Show for (28.7.2015) [Tuesday]

Mandalay FM နံနက်ခင်းတိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကနေ ကြိုဆိုပါတယ်။မနက်ဖြန် 28.7.2015 (အဂါင်္နေ့) နံနက်မှာဆိုရင်နောက်ဆုံးရ ပြည်တွင်းနဲ့ နိုင်ငံတကာကသတင်းတွေနဲ့အတူ မနက် ၆ နာရီခွဲမှာ နားဆင်တဲ့သောတရှင်တွေ အတွက်
အမာရွတ်ကြောင့် စိတ်ပူစရာမလိုတဲ့ကျန်းမာရေးနည်းလမ်းကောင်းတွေအပြင် ၇ နာရီခွဲနောက်ပိုင်းမှာတော့ အချိန်နဲ့တပြေးညီယာဉ်လမ်းကြောသတင်းတွေအပြင် လူတိုင်းမှာ သိုဝှက်ထားတဲ့လျှို့ဝှက်ချက်တွေရှိကြသလို တခါတလေမှာ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံရတာတွေလည်း ရှိတတ်ကြပါတယ်။
 
သောတရှင်တွေအနေနဲ့ ဒီလိုမတူညီတဲ့ ဆန့်ကျင်ဘက်နှစ်ခုကို ပွင့်ပွင့်လင်းလင်းရင်ဖွင့်ပြောကြားချင်တယ်ဆိုရင်တော့ Mandalay FM ရဲ့ ဖုန်းနံပါတ်ဖြစ်တဲ့ 01 501709 ကို တိုက်ရိုက်ဖုန်းဆက်ပြီးတော့ ရင်ဖွင့်ပြောကြားနိုင်သလို
Mandalay FM ရဲ့ Facebook Page မှာလည်း comment လေးတွေ ပြည့်ပြည့်စုံစုံရေးသားပြီးတော့ ဝေမျှနိုင်ပါတယ်။
 
မနက် ၁၀နာရီကနေ၁၁နာရီအတွင်း Life Style အစီအစဉ်မှာ ရုပ်ရှင်၊ ဗီဒီယို၊သရုပ်ဆောင် မခိုင်နှင်းဝေကိုဖိတ်ခေါ် ထားပြီးတော့ သူမ ရဲ့ အနုပညာ လှုပ် ရှား မှု့ တွေ၊ ဖက် ရှင် Style အကြောင်းတွေ အပြင် အခြားစိတ်ဝင် စားဖွယ် အ ကြောင်းတွေကို
မေးမြန်းတင်ဆက်ပေးသွားမှာဖြစ်လို့ နားဆင်အားပေးပါအုံးနော်။