Mandalay FM Evening Show for(10.8.2015) [Monday]

တနင်္လာနေ့ ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုရေဒီယိုစကားဝိုင်း ညနေ(၄)နာရီကနေ(၇)နာရီအထိထုတ်လွှင့်တဲ့ မင်္ဂလာညနေခင်းပါ အစီအစဉ်မှာ တင်ဆက်သူ ကိုဇာနည် နဲ့ နေနေတို့ ရှိနေမှာပါ။
ညနေ(၄)နာရီကနေ(၅)နာရီအတွင်း Acapella သီဆိုမှုနဲ့ ဖျော်ဖြေမယ့် Hangoverအဖွဲ့သားတွေရဲ့ Live Performance တင်ဆက်မှု။
 
ညနေ(၅)နာရီကနေ(၆)နာရီအတွင်းကတော့ ရေဘေးသင့်ဒေသတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို ဘယ်လိုဆောင်ရွက်ဖို့လိုအပ်မလဲဆိုတာ သိရှိစေဖို့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဒေါ်ဒေ၀ီသန့်စင်
ကိုမေးမြန်းသွားမယ့်စကားဝိုင်း။
 
ညနေ(၆)နာရီကျော်ကနေ(၇)နာရီမထိုးခင်အထိကတော့ ရေဒီယိုကနေသီချင်းနားထောင်ချင်တဲ့သီချင်းချစ်သူပရိသတ်တွေ ကိုယ်တိုင်ဖုန်းဆက်တောင်းဆိုလို့ရမယ့် အချိန်လေးတစ်ခုပါ။
ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကတော့ ၀၁-၅၀၁၇၀၉ ဖြစ်ပါတယ်။
 
လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့ မိုးလေ၀သသတင်းအခြေအနေတွေနဲ့ရေဘေးသင့်ဒေသတွေအတွက် လိုအပ်တဲ့သတင်းတွေကိုလည်းအချိန်နဲ့တပြေးညီသိရှိရအောင် ကြိုးစားသတင်းပေးသွားမှာဖြစ်လို့ 87.9 MHz
Mandalay FM Radio ကို မပြတ်ဖွင့်လို့နားဆင်ကြည့်ပါနော်။