Mandalay FM Evening Show For (31.7.2015) Friday

မန္တလေးFM ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု မင်္ဂလာညနေခင်းပါ အစီအစဉ်က တင်ဆက်သူကိုဇာနည် နဲ့ နေနေ တို့ကတော့ ညနေ(၄)နာရီကနေ(၇)နာရီအထိရေဒီယိုပရိသတ်များနဲ့အတူရှိနေပါတယ်နော်။ညနေ(၄)နာရီ(၅)နာရီအတွင်းရေဒီယိုပရိသတ်တွေကိုယ်တိုင်ဖုန်းဆက်ပါဝင်နိုင်တဲ့
ပျော်စရာ Topicလေးတွေစီစဉ်ထားပါတယ်။ ဘယ်လိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ပါဝင်ရမလဲဆိုတာသိရအောင်လို့ ညနေ(၄)နာရီဆိုတာနဲ့ မန္တလေးFM ကနေ ကြေငြာပေးမှာပါ။ညနေ(၅)နာရီ(၁၅)မိနစ်ဝန်းကျင်ဆိုရင်တော့ သောကြာနေ့ညနေခင်းရဲ့
Friday NightPanel စကားဝိုင်းအတွက် Uranium အကအဖွဲ့ကို ဦးဆောင်နေတဲ့ ကိုဇေယျာ နဲ့နောက်ထပ် အကအဖွဲ့ဝင်တစ်ဦးကိုလည်း ဖိတ်ခေါ်ထားပါတယ်။ညနေ(၆)နာရီကျော်ကနေ(၇)နာရီမထိုးခင်အထိက သီချင်းတိုက်ရိုက်တောင်းဆိုချက်ချင်းနားဆင်ရမယ့် အချိန်လေးဖြစ်လို့ ဖုန်းနံပါတ် ၀၁-၅၀၁၇၀၉ ကို
ဆက်သွယ်ပြီး သီချင်းတောင်းဆိုပေးရမှာပါ။ တစ်ခါမှတောင်းဆိုခွင့်မရသေးတဲ့သူတွေအတွက်လည်း အခွင့်အရေးလေးရှိနေသေးတာမို့တောင်းဆိုဖို့မမေ့နဲ့ဦးနော်။